ကိုကို့ရဲ့ အူယားစရာ ကလေးလေး♥️

1.6K 249 165
                                    

Unicode ~~~

ဂျောင်ကု မိုးလင်းတာနဲ့ လိုက်ရှာမိတာ ကလေးလေး ဆော့ဂျင်။ဒီကလေးလေးဟာ အလွန်ရိုးပါဘိ။ညကျအကြောင်းလေးပါ ဆက်စပ်တွေးမိတော့ ပြုံးမိလိုက်သေးသည်။

Flashback~~

ရင်ခုန်သံတွေ မြန်ဆန်လွန်းလာတာကြောင့်ရော ဆော့ဂျင်ရဲ့ အူတူတူပုံလေးကြောင့်ရော ချစ်ကြိုက်ကြောင်းစကားလေးကို ထုတ်ပြောမိသည်။

"ကိုယ်တို့ အခန်းဖော်မဟုတ်ပဲ လက်တွဲဖော်ဖြစ်ကြည့်မလား?~~"

ဂျောင်ကုရဲ့ မျက်လုံးလေးထံ ကြည့်ကာ အဖြေရှာနေတဲ့ ကလေးလေး မှာ ချစ်စရာအတိ။ဂျောင်ကုရင်ဘတ်ကြီး တခုလုံး ဗြောင်းဆန်နေတာ ဆော့ဂျင် မသိလေရော့လား?ခေါင်းလေးစောင်းကာ ကလေးလေးရဲ့ နှုတ်ခမ်းလေးအား အနမ်းခြွေမည်လုပ်တော့ ~~

"ခဏ~~ခဏလေးပါ။"

ရင်ဘတ်လေးကို ဖိကာ ခေါင်းလေး အောက်ငုံ့သွားတဲ့ ဆော့ဂျင်ကြောင့် ဂျောင်ကု ပြာယာခတ်သွားသည်။

"ကလေးလေး~~ဘာဖြစ်လို့လဲ~"

"ဟို~~ရင်တွေခုန်နေလို့~~🥺"

ကိုယ့်မှာတော့ ဘာများဖြစ်သလဲလို့ လန့်သွားတာ သူလေး ကတော့ ရင်ခုန်နေတယ် တဲ့လား။

"ကိုယ်လန့်သွားတာပဲ ကလေးလေးရယ်~~"

ထိုအချိန် ခေါင်းမော့ကာ တဖန်ပြန်ကြည့်လာတဲ့ ဆော့ဂျင် ကြောင့် ဂျောင်ကု နမ်းရန်အတွက် ပြန်အစဖော်မိပြီး ဆော့ဂျင်ရဲ့ နှုတ်ခမ်းဆီ ဦးတည်မိတော့ ခေါင်းလေးလွှဲကာရှောင်လိုက် တာကြောင့် ဂျောင်ကု ခံစားရခက်သွားသည်။

"ကလေးလေး~~မကြိုက်လို့လားဟင်"

စိတ်မကောင်းဖြစ်တဲ့ အသံနဲ့ ပြောမိတော့ ဆော့ဂျင်က ဂျောင်ကုကို အားနာသလို ပြန်ကြည့်ပီး~~

"အဲ့~~အဲ့လိုမဟုတ်ပါဘူး။အခြေအနေကို တကယ်ပဲ အကဲမခတ်တတ်ဘူးလား?🙁"

ဆော့ဂျင်ပြောလာတဲ့ စကားကြောင့် ဂျောင်ကု ဦးနှောက်ကို အလုပ်ပေးရသည်။ကလေးလေး ဘာပြောချင်မှန်း သူနားမလည်ပါ။

"ကလေးလေး~~ဘာကိုဆိုလို......."

"ဂျောင်ကုက စကားကို ရင်ခုန်အောင် ပြောပြီး အခုလို လာနမ်းတော့ ရင်ခုန်လို့ သေမှာပေါ့☹️~~။"

My Heartbeat is youWhere stories live. Discover now