အခန်းဖော် မဟုတ်တဲ့ လက်တွဲဖော်♥️

1.6K 249 107
                                    

Unicode ~~~

ဆော့ဂျင်အား ရုတ်တရက်ပြေးဖတ်လိုက်တဲ့ ယွန်ဂီကြောင့် ဂျောင်ကု မျက်စိထဲ ဘာမှမမြင်တော့ဘဲ ယွန်ဂီကို ဆွဲထိုးလိုက်သည်။ဘာလို့ အခုလို ပြုမူမိလည်း ဆိုတာ သေချာစဉ်းစားကြည့်ရင် ဆော့ဂျင်ကို ထိလို့လား?ဒါမှ မဟုတ် ယွန်ဂီကို စောစောက ကိစ္စကြောင့်ပါ ကြည့်မရ၍လား?ခံစားချက်ကို သေချာမသိပေ။

ယွန်ဂီအားဆွဲထိုးပီး မကြာလိုက်ချက်ချင်း ဆိုသလို ဂျောင်ကုထံ တန်ပြန်လာတဲ့ လက်သီးတစုံကြောင့်
ပါးတဖက် ဟာ စပ်ဖျင်းသွားသလို နှုတ်ခမ်းထောင့် ၌ သွေးထွက်သွားလေသည်။သေချာသည်ကတော့ ယွန်ဂီမှ ပြန်ထိုးလိုက်ခြင်းပင်။

"ငါတို့ကြားကိစ္စမှာ မင်းဝင်မပါနဲ့။"

ယွန်ဂီပြောလိုက်တဲ့ စကားကြောင့် ဂျောင်ကု ဘေးရောက်သလို ခံစားသွား
ရသည်။ငါတို့ကြား ဆိုတဲ့ အသုံးအနှုန်းဟာ ဘာကိုဆိုလိုချင်တာလဲ?ဆော့ဂျင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ?

"ဆော့ဂျင်က ငါ့အတွက်အရေးပါတယ်။မင်းဘာသာ ဘယ်လိုပတ်သက်နေပါစေ ငါ$ဂရုမစိုက်ဘူး။ဒါပေမဲ့ ဆော့ဂျင်တော့ မရဘူး။"

ဂျောင်ကု ထိုစကားပြောရင်းဖြင့် ယွန်ဂီရဲ့ အင်္ကျီ ကော်လံစ ကို ဆွဲထားလိုက်သည်။ထိုနည်းတူစွာ ယွန်ဂီကလည်း ဂျောင်ကုရဲ့ ကော်လံစကို ပြန်ဆွဲထားကာ အကြည့်ချင်း စစ်ထိုးနေသည်။

ဆော့ဂျင်ကတော့ ဂျောင်ကုနဲ့ ယွန်ဂီရဲ့ ကြားကို အတင်းတိုးဝင်ကာ ~~

"တော်ကြပါတော့~~ကျောင်းရှေ့ကြီးမှာကို။"

"Yoongi Hyung မနက်မှ ကျွန်တော့်ကိုလာတွေ့။ကျွန်တော်တို့ စကားအေးဆေးပြောကြတာပေါ့။"

ဆော့ဂျင်ရဲ့ စကားကို လက်ခံချင်ပုံ မရတဲ့ ယွန်ဂီမှာတော့ ဆော့ဂျင်ရဲ့
လက်ကို ဆွဲထားကာ~~

"ကိုယ် နဲ့ အခုလိုက်ခဲ့လို့မရဘူးလား~ Jinလေး~။"

ဆော့ဂျင်ကို လက်ကိုင်ကာ လိုက်ခဲ့ဖို့ခေါ်နေတဲ့ ယွန်ဂီကြောင့် ဂျောင်ကုမှာ အတော်လေး ဒေါကီးနေရသည်။

"ခင်များ~အဲ့လက်ကို အခုလွှတ်ရင်ကောင်းမယ်နော်။"

ဂျောင်ကုရဲ့ အေးစက်မာကြောတဲ့ အပြောကြောင့် ဆော့ဂျင်မှာ လန့်နေမိပေမဲ့ ယွန်ဂီကတော့ ဘာမှ မဖြစ်သလိုပင်~။

My Heartbeat is youWhere stories live. Discover now