ထိပ်တိုက်တွေ့ဆုံခြင်း😌

1.5K 258 101
                                    

Unicode ~~~

လေဆိပ်အပြန် အင်ဆူပြောတဲ့ ကွန်ဒိုမှာ ပစ္စည်းတွေနေရာချလိုက်သည်။ပြောမနာဆိုမနာ အားကိုးရတဲ့အင်ဆူကလည်း အစအဆုံး အထုတ်ဖြည်တာက အစ ကူညီပေးလေသည်။

"Yoongi Ahh~~မင်းအခုနေတဲ့ကွန်ဒိုနဲ့ ငါတို့ကျောင်းနဲ့ နီးတယ်သိလား!"

အင်ဆူတယောက် ယွန်ဂီရဲ့ အိန်ထဲက အဝတ်အစားတွေ ဝိုင်းထုတ်ပေးရင်း စကားစလေသည်။

"အင်း~သိတယ်။"

"မနက်ဖြန် ငါနဲ့ ကျောင်းလိုက်ခဲ့မယ်မလား? မဟုတ်တောင် မင်းရဲ့ Thesis အတွက် လိုအပ်တာတွေ ရနိုင်တယ် လေ"

"အင်းလေ ~လိုက်တာပေါ့"

အင်ဆူဆိုသည်မှာ သူများကိုစကား ပြောရရင် ပြောရ ,မရရင် တယောက် ထဲလည်း ပြောနေမဲ့လူစားမျိုး။ရှင်း
ရှင်းပြောရရင်တော့ လေပေါကောင်
ပေါ့။ ယွန်ဂီကတော့ အနေအေးပြီး လိုမှ စကားပြောတဲ့ ပုံစံမျိုး ။စိတ်အလိုမကျတဲ့အချိန် စကားသွားပြောမိလို့ ကတော့ စကားလုံးနဲ့တင် အသေသတ် ခံရဖို့ ပြင်ထားလိုက်တော့~~။

အခုလည်း အင်ဆူ တယောက် စကားသာ ပြောနေရတာ ဘယ်အချက် စကား လုံးနဲ့ ဗုံးကြဲခံရမလဲ မသိ။လေဆိပ်က လာကတည်းကဖုန်းဆက်တာ အဆင် ပြေပုံလည်းမရ။အခြေအနေတော့ ကြည့်နေရပေမည်။

"အင်ဆူ~~မင်းကျောင်းနဲ့နီးတယ်ဆို ငါ့ကို နလုံးခုန်နှုန်းတိုင်းစက်လေး ခဏ သွားယူပေးလို့ဖြစ်လား?"

"ဟင်~~ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ?"

"ဒီလိုပဲကွာ လိုအပ်လို့။အပိုရှိတယ်ဆို ငါ့ကိုတခုပေးထားလိုက်ကွာ။အဲ့တာပို အဆင်ပြေတယ်~"

လက်သည်းထောင့်က အသားမာ တွေ
ကို ကိုက်ကာ တခုခုကို တွေးတောရင်း
ပြောနေတဲ့ ယွန်ဂီ ရဲ့ ပုံစံမှာ တကယ်လိုအပ် နေဟန်ပေါ်သည်။သို့သော် အင်ဆူရဲ့ စပ်စုချင်စိတ်က ထိန်းမရ~။အရဲစွန့် ၍ မေးချလိုက်ပေဦးမည်။

"ပေးတာက ပေးလို့ရတယ်။ဘာလို့
လိုတာလဲ ဆိုတာလေးတော့ ပေးသိလေကွာနော်~~"

"ကျစ်~~မင်းတော်တော် စပ်စုတာပဲကွာ။ငါကြိုက်နေတဲ့ ကောင်လေးက အခု Seoul မှာကွာ~။အဲ့တာ...."

My Heartbeat is youWhere stories live. Discover now