ဒေဝေါကြီးနဲ့အလိုက်ကန်းဆိုးမသိမှု🤭

1.5K 217 121
                                    

Unicode ~~~

ဒီနေ့တော့ ကလေးလေး ပြင်ဆင်ပြီး တနေရာသွားဖို့ဟန်ပြင်နေဟန်တူသည်။မနေ့ညက ကလေးလေးကို ဖက်အိပ်ရလို့ ဂျောင်ကုမျက်နှာမှာ ယုန်ကြီး မုန်လာဥ ရသလို ပြုံးဖီးနေလေရဲ့။

ဆော့ဂျင်မှာအဝါရောင် တီရှပ်လေးကို ဂျင်းဘောင်းဘီ အပြာလေးနဲ့ တွဲဝတ်ထားပီး တီရှပ် အောက်ဖျားတွေကို ဘောင်းဘီထဲ သပ်ရပ်စွာ ထိုးထည့်ထားလေသည်။ထိုပုံစံလေးမှာ နွေဦးမှာ ပွင့်တတ်တဲ့ ပန်းလေးလို အလွန်ပင် မျက်စိအေးလှသည်။ လှပလွန်းတဲ့ ခါးတစ်ဝှိက် က အလှတရားရယ် ပြစ်မျိုးမှဲ့မထင် မထိရက် မတို့ရက် မျက်နှာလေးရယ် အရမ်းပြည့်စုံလွန်းလိုက်တာ။

ဒီလောက်အလှတရားနဲ့ဆို တမိုးအောက်ဂျွန်ဂျောင်ကုရဲ့ ကလေးလေးပါလို့ တကျောင်းလုံးကို ချပြရင် အကုန်မနာလိုကြမှာပင်။ဂျောင်ကုမှာ ကလေးလေးနဲ့ ပေါ်ထင်စွာ နေချင်ပေမဲ့ အခြေအနေတွေက မျက်နှာသာ မပေးသေးချေ။သူအောင်မြင်နေတဲ့ အတိုင်းအတာရယ် ကတောက်ကစ ဖြစ်နေတဲ့ အဖေနဲ့ သူ့ကြားက အခြေအနေတွေကြောင့်ပင်။

"ကိုကို~~~"

ဆော့ဂျင်ထံမှ ကြားရတဲ့ ခေါ်သံလေးကြောင့် ဂျောင်ကု အတွေးတွေ လွင့်ပြယ်သွားသလို မျက်နှာ ကြီးမှာ ဝင်းပလို့။ဒီ အခေါ်အဝေါ်လေးကို ကလေးလေး ဆီက ကြားချင်လွန်းလို့ ညက နမ်းတခါ ဖက်တလှည့်နဲ့ တောင်းဆိုထားရတာပင်။

"ဗျာ ကိုယ့်ကလေးလေး~~"

"ကျွန်တော် ဘယ်လိုနေလဲဟင်။ကြည့်ကောင်းရဲ့လား😊"

ပါးမို့မို့လေးတွေ ပေါ်သည်အထိ ပြုံးကာမေးလာတဲ့ ကလေးလေးဟာ ကြည့်ကောင်းတာထက် ပြည့်စုံလွန်းနေတယ် ဆိုတာ သူ ဘယ်လို ဖော်ပြရပါ့မလဲ။

"လှတယ်~~အသည်းယားစရာလေး~ မွချင်စရာလေး~~"

ဂျောင်ကုမှာ ပြုံးစိစိ ရွှန်းဆားဆား
မျက်နှာ နဲ့ အဖြေပေးသည်ကို ဆော့ဂျင်မှာ ကျေနပ်ပုံမရ နှုတ်ခမ်းလေးဆူထားလေသည်။

"ဟွန်းးမေးတာက ကြည့်ကောင်းလားမေးတာကို ဖြေတာကတလွဲကြီး☹️"

ပုံစံကို ကြည့် လုံးရဲရဲလေး ဖြစ်နေတဲ့နှုတ်ခမ်းကို မဲ့ပြီး ဆူထော်ထော်လေး လုပ်ထားတာ အူယားစရာ။ဒီကလေးလေးက အလှတရားလေး။တမိုးအောက် ဂျွန်ဂျောင်ကုရဲ့ အိုအေစစ်လေး။

My Heartbeat is youWhere stories live. Discover now