ရင်ခုန်စေသော❤️

754 108 12
                                    

Unicode ~~~

ကင်မ်ထယ်ယောင်းဆိုတဲ့ သကောင့်သားလေးက လူကို လိပ်ကြီးလို့ခေါ်တာကြောင့် အနည်းငယ် တော့တင်းသွားတယ်။မဟုတ်သေးဘူး အများကြီး တင်းတယ်။

"ဘာကိုလိပ်ကြီးလဲ????"

ခပ်တည်တည် မျက်နှာထားနဲ့မေးတော့ ဒင်းက သူ့ပါးစပ်လေးသူအုပ်ကာ ပီတီတီမျက်နှာမျိုးနဲ့ လူကို ခေါင်းအစခြေအဆုံးကြည့်တယ်။နေပါဦး ဒါဘာသဘောပါလိမ့်။ အဲ့လိပ်ကြီးဆိုတဲ့ အသုံးအနှုန်းကို သူ့အနီးအနားမှာ မကြာခဏ ကြားနေရသလိုပဲ~~။

"သားကြီး ~မင်းနေကောင်းပါတယ်နော်။ဟိုတနေရာရာ မှာများ နေမကောင်းတာရှိရင် ငါ့ပြောသိလား~။ဆေးမြှီးတိုနဲ့ ကြိတ်မကုနဲ့~"

"ဟ~~"

ဒါက လူကိုဘလိုင်းကြီး လာစော်ကားနေတာ နေရင်းထိုင်ရင်း ဘာဆေးမြှီးတိုလဲ ဘာနေမကောင်းစရာရောရှိလဲ??ကိုယ်ကတော့ ကျန်းမာရုံတင်မကဘူး ဘေးက ကလေးလေး ဆော့ဂျင် လေးကြောင့် စိတ်တွေကို လန်းဆန်းလို့။

"ဟေ့ကောင်~~ အူကြောင်ကြောင်တွေ လာပြောမနေနဲ့။မင်း အတန်းသွားမယ်ဆို ရှေ့ကသွား။အာရုံလာမစားနဲ့~"

ရုပ်တည်နဲ့ ခပ်တန်းတန်းပြောလိုက်တော့ ဒင်းရဲ့ရုပ်က မကျေနပ်သလိုလိုပုံစံနဲ့။

"ဟေ့ကောင် ~JungKook~မင်းအဲ့တာတွေ မတရားဘူးကွ~"

နေရင်းထိုင်ရင်း ဘာများလုပ်မိလို့ မတရားရတာပါလိမ့်။ဒင်းစကားကြောင့် ကျွန်တော့မျက်ခုံးတွေ တွန့်ချိုးသွားသည်။ဘေးက ကလေးလေးကိုကြည့်လိုက်တော့ မလှမ်းမကမ်းက ခုံတန်းလေးမှာသွားထိုင်ပီး ဖုန်းထဲက ဂိမ်းကို သည်းကြီးမဲကြီးဆော့နေလေရဲ့။ကျွန်တော်နဲ့ ထယ်ယောင်း ဘာဖြစ်နေလဲ သူသိပုံမပေါ်~။

"ဘာက မတရားလဲပြော~🤨"

"ဟ~ မင်းလိပ်ခေါင်းဖြစ်နေတာ ငါမသိရလို့လေ~။"

ကြားရတဲ့စကားကြီးက အဆမတန် ကျွန်တော်နဲ့လဲ မလိုက်ဖက်~။ဒါဘာရောဂါမို့ဒင်းက ကျွန်တော့်ကို ဖြစ်ခိုင်းနေရတာလဲ?ကိုယ့်က်ို လက်ညိုးပြန်ထိုးပီး ဒင်းကို မေးခွန်းပြန်ထုတ်မိသည်။

You've reached the end of published parts.

⏰ Last updated: Aug 03, 2023 ⏰

Add this story to your Library to get notified about new parts!

My Heartbeat is youWhere stories live. Discover now