အပိုင်း (3)
များပြားလှသော အထပ်မြင့်တွေဖြင့်
တည်ဆောက်ထားပြီး ကြီးမားလှသော
ဆေးရုံကြီးရှေ့...သည်းနဲ့ ထက်ထက်
နှစ်ယောက်သား ပါးစပ်အဟောင်း
သားဖြင့် မော့ကြည့်နေ၍..."သည်း..."
"ဟင်..."
"ဒါ ဆေးရုံဟုတ်ပါတယ်နော်..."
"အေးနော် ကြီးလိုက်တာ...''
"ဟုတ်တယ်..."
နှစ်ယောက်သား ခဏကြာအောင် တမေ့တမောကြည့်နေပြီး သည်းမျက်တောင်ရှည်
ကြီးတွေအား တဖြတ်ဖြတ် ခပ်၍.."ဟိုသူခိုးက ဒီကို ချိန်းတာ တစ်ခုခု
ဖြစ်လိူ့ ဆေးရုံတက်နေရလို့
ဖြစ်မယ်နော်..ဒါပင်မဲ့ သူလိုသူခိုးက
ဒီမှာ ဆေးကုနိုင်ပါ့မလား...""နင်ကလည်း သူ့ကို တစ်ယောက်ယောက်က
အကုန်ကျခံပြီး ကုပေးလို့နေမှာပေါ့...""အင်း..ဟုတ်မယ်နော်...''
"သည်း လာလေ သွားမယ်လေ..."
ထက်ထက် အခုထိ မလှုပ်သေး
သော သည်းအားကြည့်၍
ပြောလာချိန် သည်းမျက်နှာ
ပျက်၍.."ဟို ငါ သူခိုးကို ဗျင်းချင်ဇောနဲ့
လာတာ ဆေးရုံဆိုတော့သွေး
ထွက်သံရိုရှိသူတွေ ရှိမှာပေါ့နော်. ."ထိုတော့မှ ထက်ထက် သူငယ်ချင်း
ဖြစ်သူ သွေးမြင်ရင် လန့်တက်တာ
သတိရသွား၍..."ဘာမှ မပူနဲ့သည်း ငါရှိတယ်နော်..."
"အင်း..."
နှစ်ယောက်သား တစ်ယောက်လက်တစ်
ယောက်ကိုင်ကာ ဆေးရုံးကြီးဆီသို့
ရဲရဲတင်းတင်းဝင်လာခဲ့တော့သည်။"သည်း နင်ဖုန်းဆက်မေးအုံး
ငါတို့ရောက်ပြီး သူ့နာမည်
ဘယ်သူဆိုတာ...ရော့ဖုန်း....""အေး..ဟုတ်သားနော်...ခဏနေအုံ
ငါမေးလိုက်အူံးမယ်.."သည်းပြောပြီး ထက်ထက် ဆီမှ
ဖုန်းယူကာ သည်းနံပါတ်လေး
အား နှိပ်၍ ခေါ်ချ်ိန်..."ဟင်....ဝင်ပြီး မကိုင်ဘူး..."
"ဟုတ်လား နောက်တစ်ခါ ပြန်ခေါ်ပါ
အူံး...''ထိုအခါတော့ တစ်ဖက်က ကိုင်လိုက်
သောကြောင့် သည်းဝမ်းသာသွားကာ...