အပိုင်း(16)

10.7K 319 20
                                    

အပိုင်း(16)

"ကဲ လူစုံပြီလား..."

ကားဆရာရဲ့စကားအဆုံး အားလုံးနေရာ
အသီးသီး ဝင်ထိုင်လိုက်ကြ၍
တိတ်ဆိတ်နေချိန် ကားတံခါးကြီးမှာလဲ
ပိတ်သွား၍ ကားကြီးမှာ တရွေ့ရွေ့
မောင်းထွက်လာခဲ့တော့သည်။

သည်း ထိုင်နေရင်း ဘေးက
သူ့အား ငဲ့ကြည့်လိုက်ချိန်
Earphone တပ်ထားတာ
မျက်ဝန်းများ မှိတ်ချထားပြီး
မဲနက်နေ၍ ကြည့်ကောင်းလှသော
မျက်ခုံးများနှင့် အိပ်နေတာတောင်
ချောမောသော သူ့မျက်နှာအား
သည်း ငေးခနဲကြည့်မိ၍ ရင်တွေလဲ
သိမ့်ခနဲ ခုန်လာကာ ရသ်ဘက်လေး
ဖိ၍...

"ဟင့်အင်း မဟုတ်ဘူး မဟုတ်ရဘူး..."

ရင်ဘက်လေးအားဖိ၍ ခပ်တိုးတိုးလေး
ပြောလာသော သည်း။

ထို့နောက် သူမ သူ့အနာယကပ်လိုက်၍
နားတွင်တပ်ထားသော earphoneလေးအနား
ကပ်၍ သူဘာနားထောင်နေလဲဆိုတာ
ကပ်၍ ခိုးနာထောင်လိုက်ချိန် မျက်ဝန်းများ
ပွင့်လာ၍ သည်းအား ငုံ့ကာကြည့်လာသော
သူနှင့် အလန့်တကြားမော့ကြည့်လိုက်သော
သည်းကြောင့် တစ်ယောက်မျက်နှာတစ်ယောက်လေငွေ့ရိုက်နေမိကြကာ သည်းတစ်​ယောက် စိတ်လှုပ်ရှားလွန်းလို့ သတွေးမျိုချနေလို စည်းရဲ့ အကြည့်များသည်လဲ သူမရဲ့
မျက်​နှာလေး ကနေ နှုတ်ခမ်းဖူးဖူးလေး
ဆီ အကြည့်များရောက်ချိန်...သည်း
သတိပြန်ဝင်လာ၍ မျက်နှာလေးအမြန်
လွဲကာ...

"ဟိူ...ဟို သည်းက လူ...လူကြီး
ဘာနားထောင်လဲဆိုတာလေ..''

ထိုအချိန် စည်း earphoneတစ်ဖက်အား
ဖြုတ်၍ သူမနားလေးဆီ တပ်ပေးလိုက်ချိန်
သည်း တစ်ယောက် မျက်နှာလေးမှာ ရှုံ့မဲ့သွား၍...

"လူကြီးကလဲ ဘာတွေလဲ...."

"အဲ့ဒါ နှလုံးရဲ့အရေးကြီးတဲ့
အစိတ်အပိုင်းတွေရဲ့ ဟောပြောပွဲလေ...
ကွာ..."

"ဟင် သည်းမှ အင်္ဂလာစာကို အဲ့ဒီလောက်
နားမလည်တာ...."

"မင်း ဆရာဝန်တစ်ယောက် လုပ်မယ်ဆို
အဲ့ဒါက ပိုအရေးကြီးတယ်..."

"သိပါတယ် သဲလေ အခုထပ်သင်နေပါတယ်
ပိုကျွမ်းသွားအောင်လေ ...."

My Wife (Unicode To Zawgyi) Completed Where stories live. Discover now