အပိုင်း(8)
"အို...လူကြီး ဘာလုပ်တာလဲ...."
ဆေးရုံ စင်္ကြန်ပေါ်က လူများက
စိတ်ဝင်စားကြည့်လာသောကြောင့်
စည်းမျက်နှာကြီးမှာ တည်တင်းနေကာ
သူမ လက်ကလေးအား ဆွဲခေါ်လာသော
စည်း။"အို... နာတယ် သည်းကို ဘာလုပ်တာလဲ
လွတ်ပါ.. "ဆေးရုံကြီးရဲ့ လူရှင်းသောနေရာအရောက်
စည်း သူမလက်အားလွတ်ပေးကါ
မျက်နှာမှာ တည်တင်းကာ.."ပြောစမ်း မင်း ဘာလာလုပ်တာလဲ..."
သည်း သူ့အမေးအား မဖြေအားသေးပဲ
သူဆုပ်ကိုင်ထားလို့ ရဲသွားသော လက်ကောက်ဝတ်လေးအား မျက်ရည်လေး
ဝဲကာကြည့်၍ ပွတ်နေချိန်..."ဟေ့ မင်းက်ို ငါမေးနေတယ် ဖြေလေ....''
ထိုအချိန် သည်းသူ့အား မျက်ရည်လေးများ
ဝဲကာ ကြည့်လ်ိုက်၍..."ရှင်ကြီး ဘာလို့ သူများကို
အော်နေတာလဲ...အဟင့်..."စည်း သူ့အရှေ့တွင် မျက်ရည်ကျကာ
သူ့အား ဂျစ်တစ်တစ်ကြည့်နေသော
သူမအား မျက်မှောင်ကြီးကုတ်ကာ
ကြည့်၍..."မင်း ဘာလာလုပ်တာလဲ မေးနေတာလေ..
ကျစ်...''"ဟင့် သူများကို ကျစ်မသပ်ပါနဲ့
သည်းက လူကြီးကို ဘာလုပ်လို့လဲ
သည်းက လူကြီးဆီကို အနှောက်အယှက်
ပေးဖို့ လာတာမဟုတ်ပါဘူး...သည်းက...''"ကဲ တော်တော့ မင်းသည်းချင်းထပ်အောင်
ပြောနေတာ ဒီနေ့လိုရင်းကို ရောက်မှာလား.. "သည်း ဝဲနေသော မျက်ရည်လေးကို
မျက်တောင်ရှည်ကြီးများဖြင့် ပုတ်ခပ်
လ်ိုက်ကာ လက်ထဲက စာအုပ်အား
သူ့အရှေ့တိုးပေးကါ.."ဒါ ဆရာကြီးက လာပို့ခိုင်သလို့...."
သူ့အားကမ်းပေးလါသော စာအုပ်ကို
စည်းကြည့်၍..."မင်း ဒါ လာပေးတါလား..."
သူမေးတော့လဲ သူ့အား ခေါင်းလေး
ငြိမ့်ပြနေတာ ကလေးလေးတစ်ယောက်လိုပင်။စည်း သူမလက်ထဲက စာအုပ်အားယူ၍...
"ရပြီ ဒါဆို ပြန်တော့ နောက်တစ်ခါ
မလာနဲ့...''