မေလလယ်တွင်စိုက်ပျိိုးရေးလုပ်ငန်းတွေသည်စတင်နည်းပါးလာပြီဖြစ်၏။ရာဘာခြံတစ်ခုတွင်ကားမောင်းနေရာတွင်နေ့စားအလုပ်ရလိုက်သည်။ကျောင်းတက်စဥ်ကတည်းကလက်ကျန်ပိုက်ဆံလေးတွေမှာအိမ်ငှားစရံနှင့်ပြုပြင်မွမ်းမံသည့်လုပ်ငန်းစဥ်တွေကြောင့်ကုန်လုနီးပါးသွားခဲ့၏။
သူတို့အုပ်စုထဲတွင်ဘောစိအကျဆုံးသူရကျေးဇူးနှင့်ကားမောင်းသင်ရင်းလိုင်စင်အောင်ထားတာမို့ကားမောင်းနေရာကိုအခက်ခဲမရှိစွာလိုက်ရသည်။
Kluger နှင့်ကုန်ကားမောင်းရတာတော့မတူလှ။နေပူပူတွင်ကျော်ဇေယံထွဋ်၏ကျောတွင်ကြီးမားသည့်ချွေးကွက်ကနေရာယူလို့မျက်နှာတွင်လည်းချွေးတဒီးဒီးဖြင့်။
သုံးနာရီနောက်ပိုင်းတွပိုက်ဆံရှင်းလို့ဆိုင်ကယ်ဖြင့်အိမ်ပြန်ရန်ပြင်တာဆူတော့သည်။
ပိတောက်အိုလမ်းဆုံးမှအိမ်လေးဆီ၊အမောပြေလေးရှိရာဆီ။အမေပြောတဲ့လူ့ဘဝရဲ့ဒုက္ခဆိုတာဒါပဲနေမည်။ နေပူစပ်ခါးတွင်နဖူးမှချွေးခြေမကျမှရသောပိုက်ဆံ ထောင်ဂဏန်းလောက်သည်မိမိဘာသာရှာရမှလွန်စွာအဖိုးတန်မှန်းလိုက်ရ၏။
နေ့စားလုပ်အားခသည်တစ်နေ့ရှစ်ထောင်ဖြစ်သည်။ တစ်နေ့တာကုန်ကျငွေနှင့်ယှဥ်လိုက်လျင်တော့အနည်းဆုံးတော့သုံးထောင်လောက်ပိုလိမ့်မည်။
စုထားဆောင်းထားပြီးနွေးအတွက်၊နွေးအတွက်၊နွေးအတွက်ပေါ့။
" အာပုံ ပူပူလေးတွေ... "
လက်မှလည်းမရပ်မနားအိုးအဝိုင်းလေးထဲဆန်ကြဲရည်အားလှည့်နေရင်းပါးစပ်ကနေလည်းဖောက်သည်ခေါ်နေသောအာပုံသည်အန်တီးကြီးမှဝယ်သူလာတဲ့အခါလည်းကြိုဆိုမပျက်။
" တစ်ခုဘယ်လောက်လဲ ဒေါ်ဒေါ် "
" တစ်ခုတစ်ရာ သား ၊ ကြက်ဥနဲ့ဆိုနှစ်ရာ "
" ကြက်ဥနဲ့နှစ်ခု ရိုးရိုးကနှစ်ခုလုပ်ပေးပါဒေါ်ဒေါ် ။ ကြက်ဥနဲ့ကိုသကြားလျှော့ထည့်ပြီးအုန်းသီးလေးများများထည့်ပေးပါ "
အဒေါ်ကြီးသည်လျင်မြန်စွာပင်ကြက်ဥတွေအားခေါက်လို့မုန့်အိုးဝိုင်းလေးထဲလှည့်ပတ်လို့ထည့်လိုက်သည်။ ကျော်ဇေယံထွဋ်လက်အားနောက်ချိတ်လို့ထိုအရာအားအထူးတဆန်းကြည့်မိသည်။