Jimin meets with Jungkook💛💚

1.3K 134 5
                                    

တွေ့ဆုံရခြင်းတွေက ချစ်ရဖို့လား...ခံစားရဖို့လား...

💛မင်💛

So Suminရဲ့ စကားသြဝါဒ အများကြီးကို နာခံလိုက်ပြီးနောက် အခန်းကို ပြန်လာဖြစ်ခဲ့သည်။

အမည်မသိ ဝိုးတဝါး ခံစားချက်ရေးရေးလေးတွေ ဂျီမင့်ရဲ့ရင်ထဲ ဖြတ်ပြေးနေကြသည်။

ရင်ဘတ်ကို လက်အသေးလေးတွေနဲ့ အသာဖိရင်း မွေ့ယာပေါ် လှဲချလိုက်တော့သည်။

ယခုအချိန်အထိ ဂျောင်ကုရဲ့ ပုံလေးဟာ မျက်လုံးထဲက မထွက်။

Jeon Jung Kookဆိုတဲ့ နာမည်လေးကိုလည်း အထပ်ထပ်ကြားယောင်နေမိသေးသည်။

ဘာရယ်မှန်းတော့မသိ ဂျီမင်လေးရဲ့ ဆန္ဒတွေထဲ Jeon Jung Kookဆိုတဲ့ လူနဲ့ တွေ့ချင်လိုက်တာဆိုတဲ့ ဆန္ဒသေးသေးလေး စတင်ချင်းနင်း ဝင်လာလေသည်။

ဒါဟာ မမ Sumin စတင် ဖန်တီးခဲ့တာလား...ဒါဆို နောက်ဆက်တွဲ ဂျီမင် ကြုံတွေ့လာရမဲ့ ကိစ္စစတိုင်းအတွက် Suminမှာ တာဝန် ရှိသွားပါတော့မယ်...

ကံကြမ္မာကသာ ဖန်တီးခဲ့တာဆိုရင်တော့...

အော်... ကံကြမ္မာကြီးက လုပ်ရက်လိုက်တာလို့သာ ပြန်ပြောဖြစ်ပါလိမ့်မယ်...

မနက်ဖြန်ဆိုတာကြီးက နေရောင်ခြည်လေး မရောက်ချင်ဆုံး ဖြစ်ပါလိမ့်မည်။

ဘာဖြစ်လို့လည်းဆို မနက်ဖြန်ရောက်ရင် မြန်မာကနေ ပြန်ကြရတော့မည်လေ...

လည်လို့ ပတ်လို့က မဝသေးပေမဲ့ seoulမှာက ဆေးရုံက ခွင့်၃ရက်ပဲ ပေးလိုက်လေသည်။

နေရောင်ခြည်လေးက အတော်ဆုံး ခွဲစိတ်ဆရာဝန် ဖြစ်တာနဲ့အညီ နေရောင်ခြည်လေးနဲ့ပဲ  ခွဲစိတ်ချင်ပါတယ်ဆိုတဲ့ လူနာတွေက တစ်ပုံကြီး...

Dr.Jung Ho Seokနဲ့ပဲ ခွဲစိတ်မယ်...
Dr.Jung Ho Seokနဲ့ပဲ ကုမယ်ဆိုပြီး ချိန်းဆိုထားတဲ့ လူနာတွေက တန်းစီနေတာမို့ နေရောင်ခြည်လေးကို ဆေးရုံက ဖူးဖူးမှုတ် အရေးပေးလွန်းသလို နေရောင်ခြည်လေးကို အိမ်မပြန်ပဲ ဆေးရုံမှာပဲ နေပါတော့လားလို့  ပြောကြတဲ့အထိကို ဆေးရုံက နေရောင်ခြည်လေးကို အလိုရှိကြသည်။

ထို့ကြောင့် နေရောင်ခြည်လေးက အလုပ််က ခွင့်ယူတဲ့အခါ...နေရောင်ခြည်လေးကို အားနာသော်ငြား လူနာတွေကို ငဲ့ပေးပါဆိုတဲ့ ခေါင်းစဥ်နဲ့ သုံးရက်သာ ခွင့်ပေးလိုက်ခြင်းတွေ...

စိမ်း💔Where stories live. Discover now