Influence Jeon's love 💚💛

1.2K 112 22
                                    

ခွဲစိတ်မှု ပြုဖို့၂နာရီသာလိုတော့သည်။
အလှူရှင် ဂျွန်ကရောက်မလာသေးတော့ နေရောင်ခြည်လေး တွေးဆဆဖြစ်နေချေပြီ။

မကြာခင် တံခါးခေါက်သံကိုကြားလိုက်ရ၍ ဂျွန်ရောက်လာပြီး ထက်ပြီး နေရောင်ခြည်လေး အားတက်သွားသည်။

J hope:ဝင်ခဲ့ပါ...

ထို့နောက် တံခါးဟာပွင့်လာခဲ့ပြီး အခန်းထဲ ဝင်လာသူဟာတော့ မျှော်လင့်ထားသလိုမျိုး ဂျွန်ဟုတ်မနေခဲ့။

ခရမ်းရောင် ဂါဝန်ကိုယ်ကျပ်အရှည်နဲ့ ခပ်ချောချောအမျိုးသမီးတစ်ယောက်။

မျှော်လင့်နေတဲ့ ဂျွန်မဟုတ်တာကြောင့် စိတ်ပျက်သွားပေမဲ့ ဧည့်သည်ကို ဧည့်ဝတ်ကျေရမည်ဆိုတဲ့အသိနဲ့...မတ်တတ်ထရပ်လိုက်ပြီး...

J hope:ကြွပါခင်ဗျာ...ဘာကိစ္စရှိလို့လဲမသိဘူး...

"nae...ကျမနာမည် Choi Jimarပါ...စိတ်ကျန်းမာရေး အထူးကုဆရာဝန်ပါ...August bearဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်"

J hope:အာ...nae...ဘာများ အလိုရှိလဲမသိဘူးဗျ...

"nae...ဒီလိုပါ...အချိန်လဲသိပ်မရှိတာကြောင့် ကျမမြန်မြန်ပဲပြောလိုက်ပါ့မယ်."

J hope:nae...nae..

"ကျမက ဂျောင်ကုရဲ့ guideပါ...မိဘချင်းက ရင်းနှီးတော့ဂျောင်ကုရဲ့ဖေဖေကအကူအညီတောင်းတာနဲ့ ဂျောင်ကုကိုစာပြပေးဖြစ်ပါတယ်။"

"ဂျောင်ကုက လက်ပေါက်ကပ်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ သိပ်ထက်မြက်တဲ့ကလေးပါ...ကျမလဲ ဂျောင်ကုကိုမောင်လေးအရင်းတစ်ယောက်လို ချစ်ပါတယ်..."

"ဒီနေ့ ဂျောင်ကုက ဂျီမင်ကိုနှလုံးပေးလိုက်တော့မယ်ဆိုပြီး ကျမကိုလာပြောတယ်...ဂျီမင်ကိုလဲ သံယောဇဥ်ရှိပေမဲ့ ကျမနဲ့ပိုအနေနီးတဲ့ ဂျောင်ကုအတွက်ပဲ ကျမစဥ်းစားမိပါတယ်။ တားလို့လဲမရတာကြောင့် ကျမစိတ်တော်တော်ညစ်ခဲ့ရတယ်။"

"ဒါပေမဲ့ ကံတရားပဲပြောရမလား...ဂျီမင်ကိုရှင်သန်စေမဲ့ ဂျောင်ကုမဟုတ်တဲ့ အခြားတစ်ယောက်ရဲ့ နှလုံးကိုရှာတွေ့ထားပါတယ်။"

J hope:nae...ဆက်​ေပြာပါ...Jimar shi...

"ကျမ ဂျောင်ကုကို ဆေးရုံမှာ အကောင်းဆုံး ဆေးကုသပေးနေပါတယ်...တစ်ဖက်ကကျမရဲ့လူနာပါပဲ...စိတ်ကျရောဂါခံစားနေရတာ...ဒီနေ့accidentဖြစ်ပြီး ဦးနှောက်သေသွားတယ်။ ဒါကြောင့် သူ့ဆီကနေ စစ်ဆေးမှုတွေယူကြည့်တဲ့အခါ သူကဂျီမင်နဲ့ဆဲလ်တည်ဆောက်ပုံတွေပါတူနေတယ်...ဒါကြောင့် ကျမလူနာရှင်တွေနဲ့ ပြောကြည့်တော့ သူတို့လဲနှလုံးအစားထိုးပေးဖို့ သဘောတူကြတယ်။"

စိမ်း💔Where stories live. Discover now