ဆေးရုံထဲသို့ အပြေးအလွှားပြေးဝင်လာတဲ့ကောင်လေးတစ်ယောက်။
ဆေးရုံကောင်တာက nurseတွေကို...အမြန်မေးလိုက်သည်။
Jk:nurse...မင်...Park Jimin ဘယ်အခန်းမှာလဲခင်ဗျ...
nurse:nae...အခန်း ၂၀၃မှာပါနော်...
Jk:nae...
စကားကိုအမြန်ပြန်ပြောပြီး လှေကားထစ်တွေအတိုင်းပြေးတက်သွားတဲ့ Jkကို nurseတွေက ငေးကြည့်နေခဲ့ကြတယ်။
ဓာတ်လှေကားက ကြာနေတာကြောင့် မစောင့်နိုင်တော့ဘဲ လှေကားထစ်တွေအတိုင်းသာ ပြေးတက်ခဲ့ရတာ...
စိတ်ကလောနေတာကြောင့် လှေကားထစ်တစ်ဝက်မှာပဲ...ဂျွန် ခေျာ်လဲသွားပြီး ဖိနပ်ကလှေကားထစ်တွေအတိုင်းလိမ့်ဆင်းသွားခဲ့တယ်။
ဖိနပ်ကိုပြန်ဆင်းပြီးမယူနိုင်။ ဂျွန်သိပ်ကိုစိတ်ပူပြီးအလျင်လိုနေခဲ့သည်။
အခန်း၂၀၃ဆီကို အမြန်ပြေးသွားလိုက်သည်။ အခန်းဝကိုရောက်တော့ဘာကိုမှစဥ်းစားမနေတော့ဘဲတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အောက်စီဂျင်ပိုက်အကူနဲ့အသက်ရှုပြီးဆေးရုံဝတ်စုံကြားနစ်မြုပ်ပျောက်ဆုံးနေတဲ့ချစ်ရသူမင်လေး...
သိသိသာသာအောင့်တက်လာတဲ့ရင်ဘတ်အစုံဟာမင့်ကိုဂျွန်အသည်းနစ်အောင်ချစ်နေပြီဆိုတဲ့noti...
အချိန်တစ်ခုမှာဂျွန်ဟာမင့်ကိုသူအသက်ထက်ချစ်နေပြီ၊အသည်းနင့်အောင်ချစ်ရပါ၏ဆိုတာတွေကိုသက်သေပြသွားတော့မှာ။
ဂျွန့်ကိုနေရောင်ခြည်လေးနဲ့ထယ်လေးတို့ကလှမ်းကြည့်သည်။
ထယ်:aww...မင်းရောက်လာပြီပဲ...
Jk:ဘယ်.ဘယ်လိုဖြစ်တာလဲ...
j hope:gymမှာဆော့နေရင်းအမောဖောက်သွားတာ...
မျက်နှာဟာအဆုံးစွန်ထိပျက်ယွင်းနေပြီဖြစ်တဲ့နေရောင်ခြည်လေးကိုဂျွန်သတိထားမိသွားသည်။
မင့်နားလေးကိုဂျွန်ယို့ယို့လေးတိုးလာသည်။လက်လေးကိုမရဲတရဲလေးထိလိုက်သည်။
Jk:hoseok..hyung...
နေရောင်ခြည်လေးကထူးခြားတဲ့ဂျွန့်ရဲ့အခေါ်အဝေါ်ကိုအံ့သြစွာတုံ့ပြန်လာတော့...