Random Heartbeat💔💘

1.4K 140 10
                                    

"ရပ်လိုက်စမ်း!!!"
ဟူသော အော်သံနှင့်အတူ တွေ့လိုက်ရသော All blackနဲ့ သိပ်ခန့်သော အမျိုးသား...ထယ်.....

Jakeရဲ့ ကားတံခါးကို ဆွဲပိတ်နေသော လက်တွေဟာ တုံ့ခနဲရပ်သွားသည်။

မင့်ရဲ့ မျက်ဝန်းအိမ်ကျဥ်းကျဥ်းတို့ အရောင်တောက်လာခဲ့ပါတယ်။

နှုတ်ခမ်းကနေ အားကိုးတကြီး ဝမ်းပမ်းတသာ အော်ခေါ်လိုက်တဲ့ နာမည်လေး...

မင်:Hyung !

မင်က Hyungလို့အော်ခေါ်ပြီး ကားပေါ်ကနေ ပြေးဆင်းမလို့လုပ်တော့ Jakeက သူ့ရဲ့လက်မောင်းတွေနဲ့ ကာတားပြီး ပိတ်ထားလေတယ်။

အ့အခါ ထယ်က ကားနားကို အမြန်ပြေးလျှောက်လာလိုက်ပြီး မင့်ကို ကာထားတဲ့ Jakeရဲ့ လက်တွေကို ဆွဲဖက်လိုက်တယ်...

ထယ်:ဟေ့ကောင်! မင်း လက်တွေကို ဖယ်လိုက်စမ်း!! သူက မင်းထိချင်တိုင်း ထိလို့ရမဲ့သူ မဟုတ်ဘူး...

Jakeက ခပ်ဟဟရယ်လိုက်ပြီး...

Jake: ထိလို့မရလို့ပဲ ထိပြီးသွားပြီလေကွာ...

ထိုအခါ ထယ်ရဲ့မျက်လုံးတွေ ဒေါသအရောင်ပြောင်းသွားပြီး.. Jakeကို ကားပေါ်က ဆွဲချကာ ထိုးလိုက်သည်။

ထယ်:မင်း ခွေးစကားမပြောနဲ့!!

မင်က ကားပေါ်ကနေ ပြေးဆင်းလာပြီး ထယ့်ကိုဆွဲသည်။...

Jakeကလည်း ငြိမ်ခံမနေ ပြန်ထိုးဖို့လုပ်တော့ ထယ့်ကို မထိခိုက်စေချင်တဲ့ မျက်နှာထားတွေ အရိပ်အယောင်တွေနဲ့ လာဆွဲနေတဲ့ မင့်ကိုတွေ့လေသည်။

ဒါကြောင့် ချိန်ထားတဲ့ လက်သီးကို ပြန်ချလိုက်ကာ...

Jake's pov:ဒါ သူ့ရည်းစားများလား...

Jake:ဘာလဲ! မင်းက သူ့ရည်းစားလား...
ဟမ်...သူ့ကို ချိန်းထားပြီး တမေ့တမောထားပြီး အခုမှလာပြီး မဏ္ဍပ်တိုင်တပ်ပြနေတာလဲ!!

Jakeရဲ့ စကားကို နားထောင်အပြီးမှာ ထယ်သိလိုက်တာက ဂျွန်နဲ့ မင်ချိန်းထားတယ်ဆိုတာကိုပဲ...

လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ စိတ်ထဲတွင် ကြိတ်ပြီး တောက်ခ် တသ်ချက်ခတ်လိုက်သည်။

စိမ်း💔Where stories live. Discover now