💙In dinner party💚of Kim💛

1.1K 122 1
                                    

အကြင်နာတွေ၊စေတနာတွေ၊ မေတ္တာတွေ၊ အချစ်တွေဆိုတာထက် ကု ပိုမက်မောတာ ကိုပဲ ဖြစ်ချင်တယ် ဒါဟာ Ceo Kimရဲ့ အတ္တ မိုက်မိုက်လေး .....

ယနေ့ လူထောင်သောင်းချီတဲ့ Kim Gpရဲ့ ညစာစားပွဲကြီးကို Kimအိမ်တော်မှာ ကျင်းပနေသတဲ့ အထက်တန်းစားတွေနဲ့ပဲ ပြည့်နေတဲ့ပွဲ၊ အချမ်းသာဆုံးပါဆိုတဲ့ လူကုံထည်တွေပဲ တက်ရောက်တဲ့ပွဲ၊ ပွဲစားတွေ၊ Ceoတွေ၊ Company ပိုင်ရှင်တွေ၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေအပြင် အနုပညာရှင်တွေပါ တက်ရောက်တဲ့ ပွဲပေမို့ မီဒီယာ သမားတွေကလည်း အပြည့် ပွဲ တစ်ခုလုံး တစ်ဖိတ်ဖိတ်တောက်ပြောင် လက်နေသည်။

Kim Gpရဲ့ လုပ်ငန်းတွေထဲက ကားလုပ်ငန်းပိုင်းမှာ Ceoလေး Kimရဲ့ အစွမ်းအစကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်သွားတဲ့အခါ Kim Tae Hyungအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ညစာစားပွဲ ကျင်းပခြင်းပေါ့...

Ceoလေးဟာ သူကြိုးစားလို့ ရလာတဲ့ အသီးအပွင့်တွေကို မြတ်နိုးလွန်းသည်။ ယခုလို သူ့အတွက် ကျင်းပပေးတဲ့ ဂုဏ်ပြုပွဲတွေကိုဆို သူသိပ်သဘောကျသည်။

တခြားသူတွေရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားတွေကိုဆိုလည်း Ceo Kim တက်ရောက်တတ်ပါသည်။ တက်ရောက်ပြီး ဂုဏ်ယူကြောင်းပြောတတ်သည်။ အားကျပြီး အတုယူတာထက်ပိုပြီး "ငါတော့ သူ့ထက်သာအောင် လုပ်ရမယ်"ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး ကြိုးစားသည်။

လူတကာရဲ့ ထိပ်မှာ နေရဖို့၊ လူတွေ ဦးညွှတ်ကြတာကို ခံရဖို့ တစ်နေ့ထက်တစ်နေ့ "ငါသာလျှင် ငါ့ပြိုင်ဘက်"လို့ တွေးပြီး Kim Tae Hyung တစ်ယောက် ကြိုးစားနေသည်။

Ceo Kimရဲ့ ရှေ့မှာ ရွှေရောင် အနာဂတ်တင်မကတော့ တက်လမ်းတွေက စိန်တွေထက်ကို တလက်လက် တဖိတ်ဖိတ် တောက်လွန်းနေသည်။

ဒီလိုမျိုး ထူးချွန်နေတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ တစ်နေ့ ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်ကို ဘယ်စိတ်တိုင်း ကျလိမ့်မလဲလေ......

ယခုပွဲမှာ Ceo Kimမှာ ပြောင်နေတဲ့ အညိုရောင် suitကို ၀တ်ဆင်ထားတယ် shoesက အစ အညိုရောင်နဲ့ မျက်ကပ်မှန်လည်း အညိုရောင်နဲ့ gentleman typeအပြည့်ပါတယ်...

စိမ်း💔Where stories live. Discover now