❀5

162 20 3
                                    

Theme Song :
I'll always watch over you(The Turbans)
3052022

တိတ်ဆိတ်ငြိမ်သက်သွားတဲ့မင်းဟာ ဆယ့်လေးရက်တိတိ အခန်းထဲကနေ အပြင်ကို မထွက်ခဲ့ဘူး ။

မင်းရဲ့ ခြေသံတွေအစား အက်ရှပြင်းထန်တဲ့
စန္ဒယားသံ ခပ်ကြမ်းကြမ်းတွေနဲ့ အင်မတန် ဆွေးမြည့်ဖို့ကောင်းတဲ့ သံစဉ်တချို့ကပဲ တစ်တိုက်လုံးကို လွှမ်းမိုးထားတယ်။

ငိုသံတွေ မဟုတ်တာပဲ တော်သေးရဲ့ ။

မနက်မနက်မင်းထုတ်လှန်းတဲ့ ခေါင်းအုံး စိုစွတ်နေရခြင်းအကြောင်းက်ိုတော့ မင်းပြောပြချင်တဲ့အခါမှ ကိုယ်မေးပါ့မယ်။

၉ ရက်မြောက်နေ့တုန်းက မင်းအခန်းတံခါးဟ လာပြီး ကိုယ့်ကို အထူးအဆန်းမေးခွန်း တစ်ခုမေးတယ် ။

" ခင်ဗျားက ဆရာဝန်ဆိုတော့ လူ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းပြောင်းလဲသွားရင် လူတစ်ယောက်လုံးပြောင်းလဲသွားလဲဆိုတာ သိမှာပေါ့" တဲ့

ကိုယ် မဆိုင်းမတွဘဲ

" မင်းရဲ့ ဆံပင်တွေ " လ်ို့ ပြန်ဖြေခဲ့တယ်။

တကယ်လည်း ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပဲ မဟုတ်လား ။

၁၀ ရက်မြောက်နေ့ရောက်တော့ မင်းက ကတ်ကြေးတစ်လက်ကိုင်လို့ ကိုယ့်ဆီ ရောက်လာတယ်။

ပြောတဲ့စကားက တစ်ခွန်းတည်း

" ခပ်တိုတို ညှပ်ပစ်လိုက်စမ်းပါဗျာ " တဲ့။

မင်း မျက်ရည်တွေ ဝဲ နေတယ် ။

မရူးမိုက်ချင်ပါနဲ့ ကောင်ကလေးရဲ့။

သနားချင့်စဖွယ်မင်းလေးကို ကြည့်ရင်း ကိုယ် လေးလေးနက်နက် ပြန်ပြောလိုက်တယ်

" ဖြူဖျော့နေတဲ့ မင်းနှုတ်ခမ်းတွေ အနီရောင် ပြန်သမ်းလာတဲ့ နေ့ကျမှ ညှပ်ပေးမယ်... "

တွေ့စကလို ပုံမျိုးနဲ့ ခြားနားနေတဲ့မင်းက သိမ်းသွင်းရ လွယ်ကူတယ်။

သုံးလေးရက်ကြာတဲ့အထိ မင်းဆံပင်တွေဟာ ပုံမပျက် ပန်းမပျက်ပဲ ။

၁၄ ရက်မြောက်နေ့ရောက်တော့ မင်းနှုတ်ခမ်းတွေ ပန်းရောင်သန်းလာကြပြီ ။

ကံ့ကော်ပွင့်ချိန် Where stories live. Discover now