❀10

120 16 1
                                    

21122022:
I'm in the mood for love (Bryan Ferry)

" မာမီ ပြောချင်တာ သားဒယ်ဒီဘက်ကို နည်းနည်းစဉ်းစားကြည့်ပေးဖို့ပါ "

".... "

" ဒီလို အရွဲ့တိုက်နေနေလို့ ဘာမှ အကျိုးထူးမှာမဟုတ်ဘူး နောင်နောင်! "

" သား စိတ်ဆုံးဖြတ်ပြီးပြီလို့ ပြောထားပြီးသားပဲ! "

ကျယ်ခနဲ ကျယ်ခနဲ ထွက်လာတဲ့ တစ်ဖက်ခန်းက အသံတွေကြောင့် ကိုယ့် စိတ်တွေ ဗလောင်ဆူလာရတယ်။

ကြည့်ရတာ မင်းနဲ့မင်းအမေ စကားအချေအတင်ဖြစ်နေကြတဲ့ပုံ ။

စိုးရိမ်တကြီး ဝရန်တာဘက် ပြေးထွက်လိုက်ပေမယ့် ကံမကောင်းစွာနဲ့ တံခါးကစိထားတာကြောင့် မင်းအမေရဲ့ ကျောပြင်ကိုသာ မြင်ရတယ် ။

" အေး မင်းဘက်က အဲ့လောက် ပြတ်သားနေတယ်ဆိုလည်းရတယ်... ငါ မင်းအဖေကို မင်းပြောတဲ့ အတိုင်း ပြောလိုက်မယ်... ပြီးမှ ကိုယ့်ဖာသာ ရှင်းကြ! "

" ပြောလိုက် "

တည်တင်းလှတဲ့ မင်းအသံက စစ်ထွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ စစ်သူကြီးတစ်ယောက်အတိုင်း ။

" နောင် မင်းက တစ်ကိုယ်ကောင်းသမားပဲ "

မင်းအမေက မင်းကို စကားလုံးတွေနဲ့ ထိုးနှက်တယ် ။

ပါးကို ခပ်ပြင်းပြင်းအရိုက်ခံလိုက်ရသလိုဖြစ်သွားတဲ့ မင်းက ချက်ချင်းပဲ ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲထွက်သွားသလို ပုံမျိုးနဲ့

" အဲ့တာ မေ့ယောက်ျားနဲ့တူတာလေ ! မေ့ယောက်ျားလည်း အတ္တကြီးပြီး သူဖြစ်ချင်တာပဲ သူသိတဲ့သူပဲ... ဒါကြောင့်လည်း နောင့်ကို ဒီလိုတွေ အတင်းအကျပ်တွေလုပ်နေတာပေါ့ ! "

" နင် နင်... ! ပါးစပ်ကို ပိတ်ထား နောင်နောင်... ကံကြီးထိုက်မယ် ! နင့်အဖေက နင့်ကို တစ်မိသားစုလုံးမှာ အချစ်ဆုံးဟဲ့ သိရဲ့လား... အခု ကျောင်းတက်ခိုင်းတာလဲ နင့်အတွက် တက်ခိုင်းနေတာ.! နင့်ဖေက ဟိုးအရှည်ကြီးကို တွေးမြင်တဲ့သူ "

" တော်စမ်းပါဗျာ ! ဒီ တစ်မိသားစုလုံးမှာ ဘယ်သူက ဘယ်လိုစိတ်မျိုးရှိလဲ သား အကုန်သိတယ်! "

ကံ့ကော်ပွင့်ချိန် Where stories live. Discover now