❀8

135 19 2
                                    

Theme Song :Love in the Dark (Adele)
972022

ပါတီပွဲထဲမှာ လူငယ်လေးတွေရဲ့ ပျိုမျစ်မှုအငွေ့အသက်တွေ ပြည့်နှက်နေတယ်။
မင်းသဘောကျတဲ့ကောင်လေးရဲ့ဘေးမှာ မင်းမျက်နှာလေးဟာ ရွှင်လန်းလို့ ။

သူ့ ကြည့်ရတာ မင်းကို အတော် ဂရုစိုက်ပေးပုံပါ။
ဒါပေမယ့် သူ့ဂရုစိုက်မှုတွေက မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘူး ။
သူဟာ သူ့ကောင်မလေးကိုလည်း ဂရုစိုက်တယ်။

မင်းရဲ့ လူက လူကြိုက်များတဲ့ ကောင်လေးတစ်ယောက်ထင်တယ်။
ပါတီထဲမှာတင် သူလွှမ်းမိုးခံထားနိုင်တဲ့ လူတွေ မနည်းဘူး။
ယောက်ျားလေး မိန်းကလေး ဖြစ်တည်မှုမျိုးစုံ...

အဲ့ဒီလူတွေကိုလည်း သူဟာ ပစ်ပယ်မထားလေဘူး။
သူ့မျက်ဝန်းတွေက သူတို့တွေအပေါ်မှာပါ တစ်ချက်တစ်ချက်ဝဲနေသေးတယ်။

နောင်... ကိုယ်လေ မင်းကို သိပ်သနားတယ်။

" နောင် မိုးအေးတယ် ဒါခြုံထား "

စိုးရိမ်တဲ့ အမူအရာနဲ့အတူ ပိန်ပါးပါးမင်းခန္ဓာကိုယ်လေးပေါ်   သူဝတ်ထားတဲ့ အညိုရောင်လည်သာဂျာကင်ကို လွှားပေးရင်း သူဟာမင်းစိတ်တွေကို ညှို့ယူပြန်တယ် ။
အင်း... မင်း ကျရှုံးမယ်ဆိုလည်း ကျရှုံးချင်စရာပါ။

" ပါတီကိုတောင် ရောက်လာမှတော့ truth or drink ဆော့မှဖြစ်မှာပေါ့! "

ပွဲစတော့ ခန္ဓာတောင့်တောင့်ကောင်လေးတစ်ယောက်က လက်ထဲမှာရှိတဲ့ ဘီယာခွက်ကို မြှောက်ရင်း ခပ်မြူးမြူးဆိုလာတယ် ။

မင်းတို့နည်းတူ တစ်ဖက်က မိန်းကလေးဝိုင်းမှာလည်း ဝိုင်နီခွက်တွေ မြှောက်နေကြပြီ ။

ဘယ်ဝိုင်းကိုမှ ဝင်မပေါင်းတဲ့ကိုယ်ကလွဲပြီး အားလုံးက သူ့အရှိန်နဲ့သူ ။

" ဟာ...  နောင်ကတော့ ထီပေါက်ပြီဟေ့ "

ခပ်ဝိုင်းဝိုင်းကတ်ပြားပေါ်က နာရီလက်တံလိုမြှားလေး ပွဲစမှာတင် မင်းရှိရာနေရာကို တိတိကျကျညွှန်ပြလာတော့ လက်တံလှည့်တဲ့ ကောင်လေးက ရယ်ရင်းမောရင်း အော်ပြောလာတယ် ။
မင်းကတော့ မျက်နှာလေးမဲ့လို့ ။

" ok နောင်...truth or drink"

" drink"

တွန့်ဆုတ်မှုမရှိ ထွက်လာတဲ့ အသံလေး။
မျက်လုံးထဲ ချစ်စရာအတော်ကောင်းနေတာကြောင့် ကိုယ် အသာပြုံးလိုက်မိတယ် ။
လျှို့ဝှက်ချက်တွေ မင်းရင်ထဲမှာ ဘယ်လောက်တောင် ရှိသလဲ။

ကံ့ကော်ပွင့်ချိန် Where stories live. Discover now