❀6

165 19 1
                                    

Theme Song :
Take My Breath Away: Cantonese Ver (Sandy Lam)
262022

" နောင်... နောင်ရေ "

မနက်ခင်းစောစော တံခါးခေါက်သံ တဒုန်းဒုန်းကို နားထဲမှာ စူးစူးဝါးဝါးကြားနေရတယ် ။

တံခါးကို အပြင်းအထန် မရမက ခေါက်နေတဲ့ လူတစ်ယောက် မင်းရဲ့ အခန်းရှေ့မှာ ။

ကိုယ် မျက်မှောင်တွေကို ကြုတ်ပစ်လိုက်မိတယ်။

'နောင်' ဆိုတဲ့ ကောင်ကလေးက ဒီအချိန် အိပ်ရာက မထနိုင်တာ ခင်ဗျား မသိလေရော့လား။

ဒေါသစိတ်နဲ့အတူ အခန်းပြင်ထွက်ပြောမယ် လုပ်တုန်း ထင်မှတ်မထားပါဘဲ ကိုယ့်အခန်းဘေးမှာရှိနေတဲ့ မင်းအခန်းတံခါးက ကျွီခနဲ ပွင့်လာတယ် ။

တန့်ခနဲ သတ်လိုက်ရတဲ့ အရှိန်ကြောင့် ကိုယ့်ခန္ဓာကိုယ်ဟာ ယိုင်ကျလုနီးနီး ။

မင်း ဒီနေ့ ထူးထူးဆန်းဆန်း အစောကြီး နိုးနေတာပဲ။

" နောင်နဲ့ ဒီဆံပင် အရောင်နဲ့ သိပ်လိုက်တာပဲကွာ..."

ကိုယ် ကိုယ်တိုင်ဆိုးပေးထားတဲ့ မင်းရဲ့ရွှေဝါရောင်ဆံပင်တွေကို ကြည့်ပြီး အဲ့ဒီလူက ဆိုတယ်။

သူ့ရဲ့ မျက်လုံးတွေကနေတဆင့် မင်းအပေါ်ရှိနေတဲ့ သူ့စိတ်ခံစားချက်တွေကို ကိုယ်ရှင်းရှင်းကြီးမြင်နေရတယ်။

" ကိုကျော်အောင် ဘာလာလုပ်တာလဲ "

မျက်လုံးသေတွေနဲ့  မင်းက မေးတယ် ။

" နောင်စာအုပ်တချို့ဝယ်ချင်တယ်ဆို...  မနေ့က ဖုန်းထဲမှာ ကိုကျော့်ကို ပြောတယ်မဟုတ်လား...  ၈၄ , ၂၉ ထောင့် က နဂါးစာပေမှာ စာအုပ်တွေစုံတယ်...ကိုကျော် လိုက်ပို့ပေးမယ်  "

အသက်မပါတဲ့မင်းရဲ့မျက်လုံးတွေထဲမှာ 'အော်...ကျွန်တော်တို့ ဖုန်းပြောဖြစ်ကြတာလား'  ဆိုတဲ့ ဇဝေဇဝါ အရိပ်အယောင်တွေ အများကြီး ။

ဒါပေမယ့်လည်း မင်းဟာ အဲ့ဒီလူဘက်မျက်နှာလှည့်ထားတဲ့ မင်းခေါင်းလေးကို ခပ်လေးလေး ညိတ်ပြနေတယ်။

" ခဏစောင့်ပါဦး ကိုကျော် "

မငြင်းဆန်လိုတဲ့ စကားတစ်ခွန်းကိုဆိုပြီးတော့ မင်းဟာ အခန်းထဲကို ပြန်ဝင်သွားတယ် ။

ကံ့ကော်ပွင့်ချိန် Where stories live. Discover now