❀7

149 19 1
                                    

Theme Song :
Tagal Loh Myar(Htoo Eain Thin)
1762022

ရက်အနည်းငယ်လောက်ကြာတော့ မင်းအခန်းရှေ့ကို လူတစ်ယောက် ရောက်လာပြန်တယ်။

အနည်ထိုင်နေပြီဖြစ်တဲ့
ရေကန်ငယ်ကို မွှေနှောက်တော့မလို ၊
မာကျောစပြုနေတဲ့ ကျောက်စိုင်လေးကို တိုက်စားဦးမယ့် ဒီရေလှိုင်းလို
အဲ့ဒီလူရဲ့ခြေလှမ်းတွေက မင်းအခန်းတံခါးရှေ့မှာ ခေါက်တုန့်ခေါက်ပြန် ရွေ့လျားနေကြတယ်။

ကျောပြင်ကို ကြည့်ရင်တောင် လူကို ခန့်မှန်းနိုင်တဲ့အထိ ကိုယ်ဟာ သူ့ကို မှတ်မိနေပါသေးတယ်။
သူ...  လမ်းကြားအိုထဲမှာ မင်းရဲ့အသည်းနှလုံးကို ရက်ရက်စက်စက် ကစားသွားခဲ့တဲ့ကောင်လေး။

" နောင်...  နောင်လေး...  "

သူဟာ မင်းနာမည်ကို ကြင်ကြင်နာနာခေါ်နေတယ်။

" ငါမင်းကို လွမ်းလို့ လာခဲ့တာပါ... ငါ မင်း မျက်နှာလေး မမြင်တာကြာပြီမို့ "

နှုတ်ဖျားက လွယ်လွယ်ကူကူထွက်နေတဲ့ လှလှပပစကားတွေက လေးနက်လေသလား မလေးနက်လေသလားဆိုတာကိုတော့ သူကိုယ်တိုင်ကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

" နောင်...  မင်း ငါ့ကို စိတ်ဆိုးနေတာလား "

" ဘာဖြစ်လာတာလဲ "

အဆက်မပြတ် လာလာဆွနေတဲ့ ဒီရေလှိုင်းကြောင့် ကျောက်စိုင်လေးဟာ တံခါးကိုဖွင့်ဟပေးခဲ့ရပြီ။

" မင်းကောင်မလေးနဲ့ ပြတ်လာပြန်ပြီလား "

ဝင်လာလိုက် ထွက်သွားလိုက်လုပ်နေတဲ့ ခရီးသွားကို စိတ်နာနေတဲ့ ဇရပ်ကလေးလို မင်းကဆိုတော့ သူဟာ အနည်းငယ်ပျက်ယွင်းသွားတဲ့ မျက်နှာနဲ့

" မဟုတ်ပါဘူးကွာ "

" ဒါဆို ဘာကိစ္စရှိလို့လဲ "

" ငါတို့က ကိစ္စရှိမှ စကားပြောရမယ့် ဆက်ဆံရေးတွေမလို့လားနောင်... မင်းကိုငါ နားမလည်နိုင်တော့ဘူး... မင်းက ငါ့အပေါ် နွေးထွေးလိုက် အေးစက်သွားလိုက်နဲ့... ပြီးရင် အကြောင်းမကြားဘာမကြားနဲ့ ပျောက်ပျောက်သွားတယ် "

တစ်ဖက်စောင်းနင်းနိုင်လှတဲ့စကားတွေကြောင့် ကိုယ်ဟာ မဆီမဆိုင် မျက်မှောင်ကို ကြုတ်မိတယ်။
မင်းကတော့ တည်ငြိမ်တဲ့လေသံမျိုးနဲ့

ကံ့ကော်ပွင့်ချိန် Where stories live. Discover now