ကိုကိုလူဆိုး ep1 (Uni)

84.8K 854 12
                                        


"သားငယ် ဒယ်ဒီပြန်ရောက်ပြီး"

"အဟက် ဒယ်ဒီခရီးသွားတယ်ဆိုတာမယားငယ်မသမီးကိုသွားခေါ်လာတာလား"

"မင်း မရိုင်းစမ်းနဲ့ နေသွေးမာန်"

"နာတာလားဒယ်ဒီက မာမီကဆုံးသွာတာဖြင့်မကြာသေးဘူး ဒယ်ဒီကမယားငယ်မသမီးကိုအိမ်ထိခေါ်တင်လာတာ မာမီ့ကိုဂရုမစိုက်တာလားဒယ်ဒီ"

" သား ဒယ်ဒီရှင်းပြ...."

"မလိုဘူးဒယ်ဒီ အကြောင်းပြချက်တွေသားမကြိုက်ဘူး ပြီးတော့ ဟိုကလေးမ"

မာန်ပြောနေရင်း ဒယ်ဒီ့နောက်မှာရပ်နေတဲ့ကလေးမကိုခေါင်းအစခြေအဆုံးကြည့်ကာလက်ညှိုးထိုးကာခေါ်လိုက်ပြီး

"ဒီနေ့ကစပြီးမင်းကငါ့ရဲ့အစေခံပဲနားလည်လား"

"ဟင် "

"ဘာလဲ ငါ့အိမ်မှာနေပြီးမင်းကအချောင်ခိုချင်တာလား မရဘူးမှတ်"

"ဟို ချစ်ခြင်းပြောတာအဲ့လိုမဟုတ်ပါဘူး ချစ်ခြင်းလုပ်ပါ့မယ်"

"သား မင်းလွန်မလာနဲ့"

"ဒါကအစပဲရှိပါသေးတယ်ဒယ်ဒီ"

မာန်မျက်ခုံးပင့်ကာနှုတ်ခမ်းကိုမဲ့ပြလိုက်ရင်းအပေါ်ထပ်ကိုတက်လာခဲ့သည်

"သမီး ချစ်ခြင်း "

"ရှင် အန်ကယ်"

"သားရဲ့စကားတွေကိုဗွေမယူပါနဲ့ကွယ် သားမာမီဆုံးတဲ့ကိစ္စနဲ့သူ့စိတ်တွေရှုပ်ထွေးနေလို့ပါ"

"ချစ်ခြင်းနာလည်ပါတယ်အန်ကယ်"

"ကျေးဇူးပါကွယ်"

"မဟုတ်တာအန်ကယ်ရယ် ချစ်ခြင်းကိုဒီကိုခေါ်လာပြီးနေစရာပေးတာကိုပဲကျေးဇူးတင်လှပါပြီး ချစ်ခြင်းအိမ်မှုကိစ္စတွေကူလုပ်ပါ့မယ်အန်ကယ်"

"အဲ့လောက်မလိုပါဘူး ဒါနဲ့သမီးဆေးကျောင်းဆက်တက်ဖို့အန်ကယ်စီစဥ်ပေးမယ် ဒါကိုတော့မငြင်းပါနဲ့သမီးမေမေရဲ့မျှော်လင့်ချက်မဟုတ်လား"

"ဒါပေမဲ့အန်ကယ်...."

"........."

" ကျေးဇူးတင်ပါတယ်ချစ်ခြင်း ဆေးကျောင်းဆက်တက်ပါ့မယ်"

ကိုကိုလူဆိုး (Complete)Donde viven las historias. Descúbrelo ahora