"ကိုကို"သူမပါးစပ်အဟောင်းသားနှင့်ကိုကိုတို့ကိုငေးနေမိသည်
အမြဲအလုပ်များနေတတ်တဲ့သူကဒီကိုမြူးငယ်လေးနှင့်လာသည်တဲ့
ဘယ်လိုစိတ်နဲ့များသူချစ်တာကိုယုံရမှာလဲ
ဟိုကောင်မလေးကသူ့ကိုသဘောကျနေတာမဟုတ်လားကြည့်နေရင်းကိုကိုတို့ထသွားတာကြောင့်လိုက်ကြည့်တော့ကားတံခါးဖွင့်ပေးကာဝင်ထိုင်လိုက်ပြီးကိုကိုကမောင်းသူနေရာဝင်ထိုင်ကာထွက်သွားတော့သည်
ကျန်နေခဲ့သည်ချစ်ခြင်းမှာသာစိတ်မပျော်တော့အားငယ်သလိုဖြစ်ကာဝမ်းနည်းလာတာကြောင့်မွေးနေ့ပွဲမလာဖြစ်တော့ကြောင်းသူငယ်ချင်းတွေကိုဖုန်းဆက်ပြောလိုက်ပြီးအိမ်သို့သာပြန်လာခဲ့တော့သည်။
အိမ်ရောက်တော့...
"သမီး"
"ရှင် အန်ကယ်"
"မွေးနေ့ပွဲသွားတယ်တိုပြန်လာတာစောလှချည်လား"
"ဟုတ် ချစ်ခြင်းနေသိပ်မကောင်းလို့ပါပြန်လာတာပါအန်ကယ် ဟီး"
"ဆေးခန်းသွားပြမလားအရမ်းနေမကောင်းဖြစ်နေရင်"
"ရပါတယ်အန်ကယ် ချစ်ခြင်းအိပ်ရေးပျက်တာများလို့ခေါင်းကိုက်တာပါတရေးလောက်အိပ်လိုက်ရင်ကောင်းသွားမှာပါ"
"အာ့ဆိုခဏနေရင်အိမွန်ကိုဆန်ပြုတ်တက်ပိုခိုင်းပြီးဆေးပါသွားဝယ်ခိုင်းလိုက်မယ်သမီးအပေါ်တက်ပြီးနားတော့နော်"
"ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ်"
ချစ်ခြင်းစိတ်မပျော်တာကြောင့်စားချင်သောက်ချင်စိတ်မရှိပေမဲ့လည်းကလေးလေးကြောင့်စားရပါဦးမည်
"အမေ့ကလေးရယ် မင်းလာတာနေရာမှားနေပြီးထင်တယ်ဘာဘဲဖြစ်ဖြစ်မေမေကတော့ကလေးကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးမှာပါ"
ဗိုက်ကလေးကိုပွတ်သပ်ကာတွေးနေတုန်းအိမ်ရှေ့ကဟွန်းသံကြောင့်ချစ်ခြင်းထကာကြည့်မိတော့ကိုကို့ကားပင်
"တီး တီး"
"ဟင်း ကိုကိုဟိုကကောင်မလေးကိုအိမ်ပြန်ပို့ပြီးပြန်လာတာထင်ရဲ့"
YOU ARE READING
ကိုကိုလူဆိုး (Complete)
Romancewarning ပါရှင် မီးနီကပါများမှာမလို့ မကြိုက်ရင်မဖတ်ကြပါနဲ့