ကိုကိုလူဆိုးep(2) 🔞

114K 965 12
                                        


ဦးမဟာမာန် အဲ့နေ့ကဥယျာဥ်မြိုင်ဆိုတဲ့ရွာလေးကိုကျောင်းအလှူကိစ္စနဲ့ခရီးထွက်ရမှာဖြစ်သည်။မထင်မှတ်ပဲလမ်းခုလတ်မှာဦးမဟာမာန်ကား အက်ဆီးဒင့်ဖြစ်ပြီးသတိမေ့မျှောသွားခဲ့သည်။သူနိုးလာတော့အိမ်လေးတစ်အိမ်ကိုရောက်နေပြီးသူ့ကိုကယ်ထားတယ်ထင်ရတဲ့မိန်းကလေးငယ်တစ်ဦးကိုတွေ့ရသည်။

"အား" ထထိုင်လိုက်တော့ခေါင်းကကိုက်လာကာညည်းညူမိသည်။

"အန်ကယ် မထပါနဲ့လှဲနေပါဦး ခေါင်းကနည်းနည်းထိထားတယ်ရှင့်"

ထိုကလေးမကိုကြည့်ရတာသားထက်ငယ်မဲ့ပုံလေးပင်။ပြီးတော့သွက်သွက်ကလေးနဲ့ယဥ်ယဥ်လေးမို့

"အန်ကယ့်ကိုကယ်လာပေးလို့ကျေးဇူးပါကွယ် ဒါနဲ့သမီးအခုအန်ကယ်ကဘယ်ရောက်နေတာလဲ"

ဒီနေရာကိုကြည့်ရတာမြို့နဲ့ရောရွာနဲ့ပါဝေးပုံပေါ်သည်။သိပ်ကိုချောင်ကျတဲ့နေရာမို့

"သမီးတစ်ယောက်ထဲနေတာလား"

"မေမေနဲ့ပါအန်ကယ်"

"စပ်စုတယ်မထင်ပါနဲ့ကွယ် သမီးဖေဖေကရောဒီမှာမိန်းမသားနှစ်ယောက်တည်းနေတာသိပ်ကိုအန္တာရယ်များလွန်းတယ်"

"ဖေဖေကသမီးဆယ်နှစ်ကတည်းကဆုံးသွားပါပြီး "

"အန်ကယ်တောင်းပန်ပါတယ် သမီးရဲ့နာကျင်စရာတွေကိုပြန်ဆွသလိုဖြစ်နေရင်"

"ရပါတယ်အန်ကယ် သက်သက်သာသာနေပါဦးနော်သမီးဆေးပြုတ်လိုက်ဦးမယ်"

"ဒါနဲ့သမီးနာမည်က...?"

"ချစ်ခြင်းသဒ္ဒါပါအန်ကယ်"

"သမီးကဆေးပညာတတ်တယ်လား"

"အာ သမီးသူနာပြုလုပ်ဖူးတယ်အန်ကယ်ပြီးတော့ဆေးကျောင်းကိုဒုတိယနှစ်တက်ထားပါတယ် "

"သမီးတော်လေးရထားတော့ မအေစိတ်ချမ်းသာတာပေါ့ဗျာ"

"ဟီး ဟုတ်အန်ကယ် အာ့ဆိုနားနေပါဦးနော်"

" အင်း ဟုတ်ပြီး ဟုတ်ပြီး"

ချစ်ခြင်းလေးထွက်သွားတော့ဦးမဟာမာန်ပြန်လှဲနေကာခေါင်းကိုက်သက်သာစေရန်ခဏတဖြုတ်လှဲအိပ်နေလိုက်တော့သည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
သာယာတဲ့မနက်ခင်းတစ်ခု ဦးမဟာမာန်ဒီကိုရောက်နေတာ4ရက်လောက်ရှိနေပြီဖြစ်သည်။ဒဏ်ရာတွေသက်သာအောင်နေပြီးမှပြန်ဖို့ကိုချစ်ခြင်းနဲ့ဒေါ်မြတ်သဒ္ဒါကတောင်းဆိုထားတာကြောင့် ဦးမဟာမာန်မပြန်ဖြစ်သေး။

ကိုကိုလူဆိုး (Complete)Where stories live. Discover now