အချပ်ပို

65.7K 6.2K 695
                                    


  ကျော်ဇေယံထွဋ်အသက် ၁၅ နှစ်။
အဖေဆုံးပြီးကတည်းက သူတို့သားအမိမျက်နှာချင်းမဆိုင်မိကြချေ။
ရုတ်တရက်ဆန်လွန်းတဲ့အဖြစ်အပျက်မို့အမေဟာလည်းဖြေမဆည်နိုင်စွာပင်။

ကမ်းခြေ၏တစ်နေရာတွင်ထိုင်လို့အဖေ့ကိုထိုင်မျှော်နေတတ်တဲ့အမေဟာ အနိစ္စတရားကိုလည်းလွန်ဆန်ချင်သ​ယောင် ။

မယုံနိုင်ဘူး တဲ့။ အမေဟာခေါင်းမာစွာထိုအတိုင်းစောင့်နေခဲ့သည်။ ရက်လည်သည့်ရက်မှအများကဝိုင်းပြောတဲ့အဆုံးအမေဟာရိူက်ကြီးတငင်ဖြင့်တရားနာရေစက်ခဲ့တာဖြစ်သည်။

ညနေစောင်းနေသည်နီရင့်ရောင်ကောင်းကင်ဖြင့်တောက်ပနေ၏။ ကျော်ဇေယံထွဋ်အမေ့သူငယ်ချင်းရှိတဲ့ရွာဆီစိတ်ပြေလက်ပျောက်ရောက်နေခိုက်နေရာစုံလျှောက်သွားတတ်သည်။

တောရွာမှာပဲကြီးပြင်းခဲ့သူမို့စပါးခင်း၊လယ်ကွက်တွေဟာတော့မျက်စိအတွက်စိမ်းသက်မနေခဲ့ချေ။

စိမ်းလန်းနေသည့်လယ်ကွက်တွေအားငေးနေရင်းမြင်ကွင်းထဲဝင်ရောက်သည့်ဖွေးဖွေးလေး။ ထိုကောင်လေး၏လမ်းလျှောက်ပုံကဆန်းသည်။
တစ်လှမ်းချင်းအပြင်၊တွန့်ဆုတ်ဆုတ်နှင့်မို့ကျော်ဇေယံထွဋ်အာရုံမှာအထူးတဆန်း။

မနီးမဝေးမှမြင်ကွင်းတွင်ထိုကောင်လေး၏မျက်ဝန်းတွေသည်ဝိုင်းစက်နေကြောင်းကိုစတင်သတိပြုမိခဲ့သည်။

နွမ်းလျတဲ့ကျောင်းစိမ်းဝတ်စုံနှင့်ဆန့်ကျင်ဖက်ထိုကောင်လေးဟာသစ်လွင်တဲ့သက်ရှိလေးတစ်ခုလို။

  " အာ့.. !! "

ကျော်ဇေယံထွဋ်ထိုင်နေသည့်သစ်ပင်အောက်မရောက်ခင်ထိုကောင်လေးချော်လဲသွား၏။  ပြေးမထူခင်မိနစ်အပိုင်းအခြားတွင်ထိုကောင်လေးချက်ချင်းပြန်မထိုင်နိုင်ခဲ့ရှာပေ။

   " မင်း  အဆင်ပြေလား  .."

ကောင်းလေးကမော့ကြည့်လာ၏။ ထိုအခိုက်တန့်ဝယ် ကျော်ဇေယံထွဋ်ဘဝတွင် အလှအပဆိုတာ ခံစားမိတဲ့ပထမဦးဆုံးအကြိမ်ပဲဖြစ်မည်။

ရင်းနှီးတဲ့သဘာဝ၏အလှပတွေကြားတွင်မြင်တွေ့ရခဲ့တဲ့ ရှားပါးစစ်မှန်သည့်အလှတရား ။

နေရောင်ခြည်လို   နွေးWhere stories live. Discover now