"မင်း ငါ့အိပ်ယာပေါ်ကနေ ခုချက်ချင်းဆင်းစမ်း"
"လာပါ ကလေးလေးရာ!မောင့် လက်မောင်းပေါ်မှာ လာအိပ်။"
တစ်စိတ်တော့လွန်လွန်းပါသည်။Omega တစ်ယောက်ရဲ့ အသိုက်သဖွယ် သီးသန့်အိပ်ယာလေးကို ကြမ်းတမ်းတဲ့ Alpha သည် သူ့အပိုင်လို ပြုမူနေ၏။အနိုင်ကျင့်သလို ခံစားလာရသောကြောင့် မိမိ၏ ကိုယ်တွင်းမှ Omega ဆိုသော ဖြစ်တည်မှူအား ရွံလာမိသည်။
ဒီဖြစ်တည်မှုကြောင့် ဖေဖေသေရတာ။ဒီစောက်ကျိုးနည်း ဆေးစစ်ချက်ကြောင့် မေမေ မုဆိုးမ ဖြစ်ရတာ။ဒီလိုရနံ့ဆိုးတွေထွက်တဲ့ ခန္ဓာကိုယ်ကြောင့် Alpha တွေ ရိုင်းစိုင်းစွာဆက်ဆံကြတာ။
တိတ်ဆိတ်သွားသော အခန်းရှိလေထုသည် အေးခဲလျက်။ရုတ်တရက်ငြိမ်သွားသော ကျနော့်ချစ်ရသူလေးကြောင့် လှဲနေရာမှ ခေါင်းထောင်ကာ ကြည့်မိတော့ မတ်တပ်ရပ်ကာ နှုတ်ခမ်းကိုကိုက်၍ တစ်နေရာသို့ ခပ်စူးစူးကြည့်နေသည်။
မျက်ဝန်းတွင်လဲ မျက်ရည်စများပြည့်နှက်လျက်ရှိနေတာမို့ ကျနော် လန့်သွားရသည်။ချက်ချင်းဆိုသလို ထယ်ယောင်းနားထရန်အပြင် ထိုကလေးရဲ့ ဦးတည်ချက်သည် ကတ်ကြေးတစ်ချောင်းဆီသို့။
ဘာလုပ်မည်ဆိုတာ သိသင့်သလောက်သိပီမို့ ကျနော် သူရှိရာဆီပြေးသွားမိသည်။
ကတ်ကြေးကို ခပ်တင်းတင်းစုပ်ကိုင်ပီး မျက်လုံးအစုံသည်လဲ နီရဲလျက်။
"ထယ်ယောင်း အဲတာကြီးကို ချထားလိုက်ပါ။လိမ်မာတယ်နော် ဘေဘီ ချထားစမ်းပါကွာ"
ထယ်ယောင်းရဲ့ အတင်းကို ထိန်းချုပ်ထားဟန်ရှိသော စိတ်တို့သည် ယခုအခါ ပေါက်ကွဲထွက်နေသယောင်။
"မင်းလက်ကို ထိမယ် ထယ်ယောင်း။ငါပြောနေတယ် မင်းစိတ်ကိုလျော့ပါ။ငါပြန်ပါ့မယ်...
မင်းကို ငါ အလျော့ပေးပါတယ် ထယ်ယောင်း အဲတာကြီးကို ငါ့ကိုပေးနော်"မပေးနိုင်ဘူး။ငါလွှတ်ချပေးလိုက်ရင် အရှေ့က နတ်ဆိုးလိုကောင်က ငါ့ကို အနိုင်ကျင့်မှာ။ငါ့အဝတ်အစားတွေကို သူချွတ်ပစ်ပီး ငါ့ကို လိင်ဆက်ဆံဖို့လုပ်မှာ။ငါ Alpha အရိုင်းအစိုင်းတွေကို မယုံဘူး။
YOU ARE READING
FOLLOW ME (Complete)
Fanfictionအရေးအသား၊အသုံးအနှုန်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုချင်း အလျင်းမရှိ။အဆင်ပြေမှ ဖတ်စေချင်ပါသည်။