ELEVEN

13.6K 1.3K 86
                                    


"ဒါနဲ့ ဟျောင်းကို သေပီဆိုပီး ဘယ်သူက သတင်းလွှင့်လိုက်ရတာလဲ"

တနေ့ ထယ်‌ယောင်းဒီစကားမေးလာမှာကို သူအတတ်သိပါသည်။တကယ်တော့ ကားတိုက်ခဲ့ရတာလဲသူ့အကြံသာ ။တခြားသူတယောက်ကို သူ့ကားထဲထည့်၍ ကားကို မီးရှို့ခဲ့ခြင်းသာ။ဒါက Terminal Group အနေနဲ့ တရားဥပဒေကို ဆော့ကစားလို့ရခဲ့ပါသည်။

အဖေမရှိသော ဘိုဂမ်အတွက် အမေကလဲ သူဖြစ်ချင်တာကို လုပ်ပေးနိုင်တဲ့ အမေတယောက်ဖြစ်သည်။ညတွင်းချင်းစီစဉ်ပီး နိုင်ငံခြားထွက်သွားတာ ထယ်ယောင်းက သူသေပီဆိုပီး ဂျောင်ကုကို မုန်းရန်ဖြစ်သည်။သူမှမပိုင်ဆိုင်ရတော့တာ သေချာပီမို့ ဂျောင်ကုနဲ့ထယ်ယောင်း မုန်းနေလဲအေးတာပါပဲ။

သို့သော် မထင်ထားတာတွေကဖြစ်လာပီး ထယ်ယောင်းက သူ့ကိုလိုက်ရှာနေသည်ဟု သတင်းရတာကြောင့် ကိုရီးယားကို လူမမာဟန်ဆောင်ကာ ပြန်လာခဲ့သည်။

ဒီရောက်တော့ ထယ်ယောင်းက သနားစရာကောင်းစွာ ကောင်းကောင်းဘာကိုမှမမှတ်မိတာမို့ ‌သူ့ရဲ့ Second planကို စီစဉ်ရန်သာ။

ထယ်ယောင်းကလဲ အခု အသာတကြည် Mark လုပ်‌ခိုင်းနေပီ။ဒီလိုအချိန်ကိုစောင့်နေတာဖြစ်သည်။ထယ်ယောင်းလို လူက အတင်းအကြပ်လုပ်တာ မကြိုက်သောသူမို့ သူကိုယ်တိုင် ကိုယ့်လက်ထဲ ရောက်လာရန်သာကြိုးစားခဲ့သည်။အချစ်နဲ့စစ်မှာ မတရားတာမှမရှိဘဲ။

"ဂျောင်ကု...သူပဲနေမှာပေါ့ ထယ်လေးရယ်။သူတို့က အရာရာဖန်တီးနိုင်တဲ့ အင်အားကြီးမိသားစုလေ။ကိုယ်က အဲ့ညပဲ ညတွင်းချင်း မေမေက ကနေဒါကို ပို့လိုက်တာ၊မဖြေရှင်းတာကလဲ ကိုယ်အသက်ရှင်နေမှန်းသိရင် ဂျောင်ကုက ထပ်ပီး ပြသနာရှာမှာစိုးလို့လေ။"

ထယ်ယောင်းက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ယုံသွားသည့်ဟန်။

"အဲလိုတွေ ကြားရင် သူ့က်ိုအရမ်းမုန်းတာပဲ"

မုန်းရမယ် ထယ်လေး။ဂျောင်ကုကိုမုန်းလေ မင်းတို့ကြားက Bondက မှေးမှ်ိန်လေပဲလေ။

"အင်း!ထယ်လေး ဗိုက်ဆာလို့ဆို တခုခုစားဦးမလား...ပီးမှ Mark ဖို့ တနေရာသွားကြတာပေါ့"

FOLLOW ME (Complete)Where stories live. Discover now