*တောင်းပန်ပါတယ်~ငါကအဲ့စကားကလွဲရင် ပြောစရာမရှိတော့လို့ ထယ်ယောင်းရော
ဂျောင်ကုရော ခွင့်လွှတ်ဖို့လဲ မမျှော်လင့်ပါဘူး။ငါ့ရဲ့ အချစ်က တလွဲစိတ်ဖြစ်သွားတာကြောင့် မင်းတို့နှစ်ယောက်အပေါ် မလုပ်သင့်တာတွေ လုပ်ခဲ့မိတာ။အထူးသဖြင့်ထယ်ယောင်း ....တကယ်ကို အနူးအညွတ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ငါ့မှာ ချစ်မိတဲ့ အပြစ်တခုကြောင့် မလုပ်သင့်တာလုပ်ခဲ့မိတာ။မင်းတို့ အဆင်ပြေပြေပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေ*ကျနော်တို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲမတိုင်မှီတရက်အလိုက ရောက်လာသော စာ။ထောင်ထဲကနေ ဘိုဂမ်က ပို့ပေးတာဖြစ်သည်။သူနောင်တရသွားပီပဲ။ကျနော်က ခွင့်လွှတ်ခြင်း၊မလွှတ်ခြင်းထက် ကျနော်တို့ ကြားထပ်ရှုပ်လာရင် နောက်တခါ သူသေအောင်သတ်ပစ်ဖို့တွေးထားပီးသား။
မေတ္တာရှင်လေးကတော့ ကောင်းသည်ဆိုးသည် ဘာမှမပြော။စာကိုဖတ်ကာ မီးရှို့လိုက်ပီး...
"မောင်~သူနဲ့ပတ်သက်တာ မောင့်ခေါင်းထဲ မထားစေချင်ဘူး။စိတ်ပူတယ် မောင့်အတွေးထဲ မောင့်ကိုကြိုက်နေသူရှိနေမှာကို"
"မောင့်ရဲ့ ဂျွန်ထယ်ယောင်း အီးပါတာလောက် တခြားသူအကြောင်းက စိတ်ဝင်စားဖို့မကောင်းဘူးမို့ အဲတာကို စိတ်ပူစရာမလိုဘူး"
"မောင်ကတော့ ရွံစရာတွေက စပြောပြန်ပီ"
ကျနော်တို့ အတူတူနေမည့်အိမ်သို့ ပြောင်းရွှေ့ရန် ပစ္စည်းတွေတူတူသိမ်းနေရင်းက မောင်က ကျနော့်ပေါင်ပေါ်ခေါင်းအုံးလာသည်။
"ကြမ်းပြင်ကြီးမှာ မောင်ရယ်..!ထ အိပ်ယာပေါ်သွားရအောင်"
"ဟင့်အင်း! မောင့်ခေါင်းကိုပွတ်ပေးပါလား"
"ကြည့်ပါဦး မောင်က၅နှစ်သားလေးကျနေရော"
ကျနော့်နှုတ်ခမ်းတွေဟာ သေချာပေါက်ကို ပြုံးနေတော့မှာ။ချစ်ရသူအား ပိုင်ဆိုင်ခွင့်ရခြင်းကလဲ ကံကောင်းခြင်းပါပင်။ကျနော့်အရင်က စိတ်ရူးပေါက်ကာ မောင်နဲ့ဝေးဝေးကို မရောက်ရောက်အောင်သွားခဲ့စဉ်က ပင်ပန်းခဲ့ရပေမဲ့ အခုကျတော့လဲ စိတ်ကြည်နူးစရာပါပင်။
YOU ARE READING
FOLLOW ME (Complete)
Fanfictionအရေးအသား၊အသုံးအနှုန်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုချင်း အလျင်းမရှိ။အဆင်ပြေမှ ဖတ်စေချင်ပါသည်။