EIGHT

14.3K 1.4K 86
                                    

အဲ့ဒီ့နေ့ ကျနော့်အမှားတွေကို ထယ်ယောင်းရှေ့ဘယ်လိုမျက်နှာပြပီး နေရမလဲမသိလောက်အောင် ယိုယွင်းပျက်စီးနေပီ။ငိုလို့ဝမှ ဆေးရုံပေါ်ပြန်တက်ခဲ့တော့ အားလုံးဟာ ကျောက်ကပ်လှူဖို့ ဆေးစစ်ပီးနေကြပီ။

ကျနော်လဲစစ်ရမည်မို့ ဆရာဝန်ထံခွင့်တောင်းပီး ထယ်ယောင်းလေးအတွက် ကိုက်ညီရန်သာ ဆုတောင်းမိသည်။ကံကြမ္မာက မျက်နှာပေးပုံက ဒီတခါတော့ ကျေးဇူး အထပ်ထပ်တင်မိပါသည်။ကျနော်တို့က နတ်ဖက်ထားတဲ့ ဖူးစာဖက်တွေဟုသာမှတ်ယူလိုက်သည်။

ထယ်ယောင်းကို ကျောက်ကပ်လှုဖို့ ကျနော်ကလွဲပီး တခြားသူမရှိတဲ့။

ကျနော့်ကိုယ်ခန္ဓာအစိတ်အပိုင်းတခုမပြည့်စုံမှာကို ဝမ်းသာနေတာ ဒီတခါပထမဆုံးအကြိမ်ပါ။
Dominant Alphaမို့ Healing လုပ်တာကတော့မြန်သည်။ခွဲစိတ်ပီးနောက်ရက်ကျနော်သတိရလာတာနဲ့ ထယ်ယောင်း‌ကို တွေ့ခွင့်တောင်းလိုက်သည်။

ဆေးပိုက်များစွာနဲ့ နာကျင်မှုတွေ ခံယူနေရတဲ့ လူသားလေးကို ကျနော်မကြည့်ရက်နိုင်။ချစ်လွန်းလို့မှ အနာတရမဖြစ်အောင် အရိပ်တကြည့်ကြည့်နေလာရတာ။သူနဲ့စတွေ့ထဲက သူ့မျက်နှာလေး ညိုးရင်တောင် ဒီကောင်က စားမဝင်အိပ်မပျော်သည်ထိ ရူးတာ။

ဒီလိုဖြစ်ရပ်တွေကို ထယ်ယောင်းသတိပြန်ရလာတဲ့အခါ သိတော့မှာ။အဲ့ကျ ကျနော့်ကို ပိုမုန်းတော့မှာ။အစထဲက မုန်းနေတဲ့သူမို့ မုန်းတာလောက်ကို ကိစ္စမရှိပေမဲ့ အပြစ်လို့ ခံစားနေရတာကျနော်ပါ။

ဒါကြောင့် ဆုံးဖြတ်လိုက်သည်က ထယ်ယောင်းအနားမှ ထွက်သွားရန်။စိတ်ငြိမ်သည့်အချိန်၊သူအနည်ထိုင်သည့်အချိန် ဒါမှမဟုတ် ကျနော် ထယ်ယောင်းကို ရင်ဆိုင်နိုင်တဲ့ တနေ့မှ ပြန်လာရန်သာဖြစ်သည်။

Daddyနဲ့ အန်တီ့အား ထယ်ယောင်းကို ကျောက်ကပ်လှူသူကို သတိရလာလာခြင်းမပြောရန်မှာခဲ့ပီး နောက်ဆုံးအကြိမ် နဖူးလေးကို ခပ်ဖွဖွနမ်းကာ ထိုနေရာမှ ထွက်လာခဲ့သည်။

ကျနော် NewYork ကိုနောက်နေ့ချက်ချင်းပဲ ထသွားခဲ့သည်။ထယ်ယောင်းသတိပြန်ရလာချိန် အန်တီက‌တော့ ဖုန်းဆက်ကာလှမ်းပြောသည်။

FOLLOW ME (Complete)Where stories live. Discover now