FIFTEEN

14K 1.2K 49
                                    

‌Daddy က နောက်အိမ်ထောင်ထပ်ပြုရန်ပြောတော့ ကျနော်က တခြားသားတွေလို မတားမိဘူး။Daddy စိတ်ချမ်းသာမှုက အရေးကြီးပါတယ်။ဘယ်သူနဲ့ပဲအိမ်ထောင်ပြုပြုကျနော်က ဝင်ရောက်စွက်ဖက်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့ နောက်အိမ်ထောင် မိထွေး‌ကိုတော့ အမေလို့ မခေါ်နိုင်သလို ကျနော်က ကျေနပ်နေမှာလဲမဟုတ်ဘူး။ကိုယ့်အမေနေရာကို ဝင်လာမဲ့ တခြားသူကို မကန့်ကွက်တာနဲ့ကြည်ဖြူမယ်တော့မဟုတ်ဘူးပေါ့။

အဲ့ဒီ့နေ့က Daddyရဲ့ နောက်အိမ်ထောင်နဲ့သူ့သားရောက်လာတဲ့နေ့။ကျနော်က ဂျီမင်းတို့ရောက်နေတာမို့ အေးအေးဆေးဆေး ဘောလုံးကန်နေဆဲ။ရောက်လာထဲက ထိုကောင်လေး ရပ်ကြည့်နေတာသိပေမဲ့ ကျနော် မခေါ်မိဘူး။ပေါင်းလဲမပေါင်းချင်ဘူး။မိထွေးရဲ့ သားမို့ ရောကို မရောချင်တာပါ။

ဒါပေမဲ့ ထိုကလေးက ကျနော်ရှိရာဆီလှမ်းလာပီး ရပ်နေတယ်။လှည့်ကြည့်လိုက်တဲ့အချိန် ကျနော်ရဲ့ နှလုံးသားတောင် တချက်အောင့်သွားရတယ် ။

သူက သိပ်လှပတဲ့ အဖိုးထိုက်ရတနာလေးလိုပဲ။မျက်လုံးညိုကြီးတွေဟာ ဝိုင်းစက်ပီး ဆံပင်အုပ်အုပ်လေးက ထိစက်နေတော့တယ်။Omega တွေကို မြင်ဖူးသော်လည်း ဒီလိုတော့မခံစားခဲ့ဖူးရ။

သူဟာ ကျနော့်ရဲ့ နှလုံးသားထဲ အမှတ်မထင် တမင်သက်သက် ဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့ ဂျီမင်းက စနေတော့ ကျနော်လဲသနားစရာကောင်းတဲ့ Omega လေးပါဆိုပီး ပြောခဲ့မိတယ်။

ဒါကို ဂျွန်ထယ်ယောင်းလေးကစိတ်နာခဲ့ပီး သူ့ကို သေးနုတ်တဲ့ Omega လိုဆက်ဆံပါတယ်ဆိုပီး အထင်စလွဲတော့တယ်။ကျနော်က အမြဲသူ့ကို အိပ်ယာထက်တင်ချင်နေတယ်ဆိုတာ မှန်ပေမဲ့ ချစ်ခင်မြတ်နိုးခြင်းသက်သက်နဲ့ပါ။

ကင်ထယ်ယောင်းဟု အားလုံးကခေါ်ကြသော််လည်း ကျနော်ကတော့ ကျနော့်ရဲ့ ဂျွန်ထယ်ယောင်းလေးလို့သာ အမြဲသတ်မှတ်ခဲ့တယ်။

ပတ်ဘိုဂမ်‌ကိုတော့ဖြင့် အစထဲက သူငယ်ချင်းလိုသဘောထားပဲရှိတာကြောင့် ရင့်သီးစွာပြောပီး မုန်းစေရန် ပြောခဲ့တာ။ဒီကောင်ဒါကို စိတ်နာပီး ဂျွန်ထယ်ယောင်းကို လုယူမည်ဟုမထင်ခဲ့မိဘူး။ထယ်ယောင်း ကို ဘိုဂမ်နဲ့မြင်တိုင်း နှလုံးသားကနာကျင်ရတယ်။သို့သော် သူငယ်ချင်းဆိုတဲ့ သံယောဇဉ်လက်ကျန်ဖြင့် တခြားကောင်တွေလို အပြတ်မရှင်းဖြစ်ခဲ့ဘူး။

FOLLOW ME (Complete)Where stories live. Discover now