အိမ်ပြန်လမ်းတလျှောက် တိတ်ဆိတ်ကာ ငြိမ်သက်နေသော ကန်ရေပြင်လေးအား သွားမထိပါးရဲပါ။လှိူင်းတံပိုးထန်ပါကာ အနီးနားက ကျနော် ဒူးတုန်မိလိမ့်မည်။Dominant Alpha ဖြစ်ပီး Omega ကိုကြောက်နေသေးတယ်လို့ ခင်ဗျားတို့လှောင်နေမှာပဲ။လှောင်လဲခံရမှာပါ အစောပိုင်းတွေက ပြောခဲ့သလိုပါပဲ။ ကျနော် ဒီတစ်ယောက်ကိုတော့တကယ်ကြောက်ရပါသည်။
အိမ်ထဲကိုဝင်တော့လဲ ခပ်သုတ်သုတ်။ကျနော့်မှာသူ့နောက်လိုက်ရမလို ရပ်ရမလိုဖြင့် မထူးဇာတ်ခင်းကာ လိုက်သွားမိတော့သည်။သို့သော် ဝုန်းခနဲစောင့်ပိတ်လိုက်ပါသော အခန်းတံခါးရှေ့ကျနော်ဟာ ခြေစုံရပ်လို့။
"ဂျွန်ဂျောင်ကု ပြန်လာတာ မကြာသေးဘူးနော်။ဘာမွှေဦးမလို့လဲ ထယ်ယောင်း သူ့ဘာသာနေပါစေ။"
"Daddy နဲ့ အန်တီကိုလဲမကျေနပ်ဘူးးနော်။ကျနော့်ရဲ့ အပိုင်မှန်းသိရက်သားနဲ့ ထယ်ယောင်းကို မပြောပြထားဘူး"
Daddy ကရှေ့ကနေထွက်သွားတာမို့ကျနော်လဲနောက်ကနေလိုက်ရင်း ပြောလိုက်သည်။
ထမင်းစားခန်းထဲကအန်တီက ကြားသွားပီး ထွက်လာကာ
"ထယ်ယောင်းရဲ့ စိတ်မခြေအနေအရ ဆရာဝန်က ရေလိုက်ငါးလိုက်နေပေးဖို့ပြောလို့ပါ သားရယ်။"
"ဟိုကောင်~မင်းကြောင့် ထယ်ယောင်းလေး ဒီလိုဖြစ်ရတာ။ သူများတွေကို လိုက်အပြစ်တင်မနေနဲ့"
ဘယ်သူရောဖြစ်စေချင်ပါ့မလဲ။ကျနော်ကပိုတောင်ဆိုးဦးမည်။ဒိီကောင်က သိပ်ချစ်တတ်တာကိုလေ...
"တာဝန်ယူမှာပါ~အဲ့အတွက် သူ့ကို လက်ထပ်ဖို့ပဲပြန်လာတာ။အဲတာ Daddyတို့ စီစဉ်ပေး"
"အဟွန်း!အပြောကတော့ ကောင်းတယ်။မင်းရဲ့ Omega ဆို သူ့ဘာသာလက်ခံလာအောင်ကြိုးစားလေ။မင်းယောက်ကျားမဟုတ်ဘူးလား"
Daddy ကအဖေဖြစ်ပီး အချင်းချင်းကို ကပ်ဖဲ့နေတာပဲဖြစ်သည်။မျက်စောင်းထိုးရင်လဲ မင်းယောက်ကျားမဟုတ်ဘူးလားက ထပ်လာဦးမည်။
"အာ အိုကေပါ~ယောက်ကျားဖြစ်ကြောင်း သက်သေ ပြရမှာပေါ့"
အန်တီပြင်ပေးထားတဲ့ ထမင်းဝိုင်းကနေ လှည့်ထွက်လာပီး အပေါ်ထပ်အခန်းရှိရာ ဝင်လာခဲ့သည်။ထမင်းလဲမစားချင်ဘူး။ဂျွန်ထယ်ယောင်း အချစ်ကို ရတဲ့နေ့ကျမှ အဝစားလဲ ဖြစ်တာပဲမဟုတ်လား။
YOU ARE READING
FOLLOW ME (Complete)
Fanfictionအရေးအသား၊အသုံးအနှုန်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုချင်း အလျင်းမရှိ။အဆင်ပြေမှ ဖတ်စေချင်ပါသည်။