အပိုင္း ၁/Uni

843 38 0
                                    

💫ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး" 💫

အပိုင်း ⭐၁⭐

"မင်းရဲ့ ကိုယ်ဝန်ကို ဖျက်ချလိုက် "

"တောက် ...ပြည့်တန်ဆာမ ...မင်း အဲ့ ကလေး ကို မွေးရဲ မွေး ကြည့် ...မင်းကော မင်းကလေးကို ငါ အကုန်သတ်ပြမယ်"

"လူယုတ်မာ ...ကျွန်မ ရဲ့ ကိုယ်ဝန် ကို ကျွန်မှ ဘယ်တော့ မှ ဖျက်ချ မှာ မဟုတ်ဘူး ခွေးတိရိစ္ဆာန် ရဲ့ "

"ဖြောင်း "

ဆင်းရဲသား ရပ်ကွက်တစ်ခု ရှိ အစွန်းအစွန်ဆုံးသော ယိုင်နဲ့နဲ့ အိမ်လေး ထဲ မှ အားကောင်းမောင်းသန် အမျိုးသား တစ်ဦး ၏ ဆဲဆိုသံ များ နှင့် အမျိုးသမီး တစ်ဦး မှာ တစ်ဦး နှင့် တစ်ဦး အပြန်အလှန် စကား များ နေ ကြလေသည်။

ဦးနေရောင် မှာ အသက် ၃၀ အရွယ်ခန့် ရှိ ပြီး ဒေါ်သင်းသင်း၏ အသက်မှာလည်း အသက် ၃၀ အရွယ်ရှိ ပြီး ၈လခန့် ရှိသော မပေါ့ မပါး ကိုယ်ဝန်ကြီး ကို လွယ်ထား ရလေသည်။ ယခု မှု ဦးနေရောင်မှာ ဒေါ်သင်းသင်း၌ ရှိနေသော ကိုယ်ဝန်အား သူ့ ကိုယ်ဝန်မဟုတ်ကြောင်း ရပ်ကွက်ထဲ က လူ များ နှင့် ရသော ကိုယ်ဝန်ပါ ဟု စွတ်စွဲ ကာ ကိုယ်ဝန်အား ဖျက်ချ ခိုင်း နေ ခြင်း ဖြစ်လေသည်။

သို့ သော် ဒေါ်သင်းသင်း တစ်ယောက် သူ သည် မလိမ်ညာ ထား သည်ရိုး မှန်ကန်သည့် အတွက် သူ ၏ ရင်သွေးငယ်လေး အား ရအောင် ကို ပင် မွေးဖွား ခဲ့ လေသည်။

ဦးနေရောင် သည် တစ်နေ့ တစ်နေ့ အလုပ် မလုပ် ဒေါ်သင်းသင်း တစ်နေ့ တစ်နေ့ အကြော်ရောင်လို့ ရသော ငွေ လေး များ ကို သာ သုံး ဖြုန်း တက် လေသည်။

မွေးလာသော ကလေး လေး မှာ သား ယောကျာ်းဖြစ် ပြီး ဒေါ်သင်းသင်း တစ်ယောက် ဖြူဖြူ ဖွေးဖွေးနှင့် ချစ်ဖို့ ကောင်း လွန်းသည့် သား ငယ်လေး အား "ဓူဝံကြယ်"ဟူသော အမည်နာမ အား ပေးခဲ့ လေသည်။ သူတို့ မိသား စု လေး အား ဆင်ရဲ ပေမယ့် သား ငယ်လေး အား ကောသ်းကင်ကြီးပေါ် ရှိ ဓူဝံကြယ် အလား ထွန်းလင်း တောက် ပစေ ရန် ရွယ်ရည် ကာ ထို နာမည် အား ပေးခဲ့ ခြင်း ပင်။

"မေ့ သားလေးက မေ့အတွက်တော့ ဓူဝံကြယ်လေးလိုပါပဲ ..နေမ့သား လေး က မေ့ ဘဝအတွက်လမ်းပြကြယ်လေးမေတို့ ဘဝ တွေ ရဲ့ အလင်း ဆောင်မယ့် ကြယ်လေး "

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now