Part.11

252 12 4
                                    

ဓူဝံကြယ်လေးရဲ့ ပဲ့ကိုင်ရှင် ⭐ဦး⭐

အပိုင်း ၁၁

"ဟားဟားးးဟားးး"

"ကျစ် ခင်များ ကြီး မရယ်နဲ့ "

"ဘုန်းးး"

"ဟားးး ချာတိတ်ရာ ..ကိုယ်က စ တာပါ ကွာ "

"မ....စ နဲ့ အုန်း "

"ကလေး ကိုယ်မောလာပြီနော် "

"အမောဖောက်ပြီး သေလည်း အေးတယ် ဘုန်း "

အထွန်းခင်မျာ အင်မတန် မှ စိတ်ကြီးလေ သော ချာ တိတ်ပေါက် စကြောင့် အခန်းထဲ ပက်ပြေး နေရသည်မှာ အမှန်လည်း မောနေပြီ ဖြစ်သည်။

ဒေါသမင်းသားလေး မှာတော့ သူ့နောက်မှ ခေါင်း အုံးကြီး ကိုင် ကာ လိုက်ရိုက်ဆဲ ပင် ။ ထိုနေ့ ည က အစ လွန်း ထား သော ထွန်း သစ် ခင်မျာ မနက် လင်းခါ နီး လောက်မှ မောမော နှင် အိပ်ပျော်ခဲ့ရလေသည်။

ဒါတောင် ကိုကို ဒေါသခဲ လေး က  ပြေးရတာ ပင်ပန်းပြီး အိပ်ပျော်သွားတာ တောင် အိမ်မက်ထဲ ထိ မကျေနပ် ချက်တွေ ခေါ်သွားတယ်ထင်ပါရဲ့။ အိပ်နေရင်းနဲ့ လူက သာ မျက်လုံး များ က မဖွင့်လေသာ လက်ကတော့ ထွန်း သစ်၏ ဆံပင်များ ကို အိပ်ရင်း ယောင်ရင်း ဆွဲ နှုတ်နေလေသည်။

"အင်း ငါလေးရဲ့ဖူဂျီ အစွမ်းနဲ့ စမ်းစစ်ကြည့် ရမယ်ဆိုရင်တော့ဖြင့် သေချာတယ် ငါ့သူငယ်ချင်းလေး လက္ခတ်က အထပ် ပုဂ္ဂိုလ်ပဲ ခစ်ခစ် "

တစ်ဖက်မှ အမိဒေါ်ကြယ်စင်လင်းသည်လည်း နစွံနဖျားသာကြားခဲ့ ရသော အသံ တို့ကြောင့် အိပ်ခါနီးကြီး တစ်ယောက်ထဲ အတွေးလွန် က နာခေါင်းသွေး လျှုံနေလေသည်။

"ဦး "

"ဗျာ"

"မအိပ်သေးဘူးလား "

"အင်း ဦး ခန ဆို အိပ်တော့ မယ်နော် ကလေး "

"အချိန်လည်း ကြည့်ဦးလေ ...၁၂နာရီတောင်ထိုးတော့မယ် ဦးရာ "

"သား ဦး အတွက် နွား နို့ ကျိုလာ တယ် ..ပူတုန်းလေး သောက်လိုက်နော် "

"နော်ဦး ..အလုပ်တွေက နောက်နေ့ ဆက်လုပ်လည်း ရတာ ကို ဦးကလည်း "

ချန်ရံတစ်ယောက် စာကြည့်ခန်းရှိ အလုပ်စားပွဲ ၌ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကုန်နေမိရာ မှ နွားနို့ ခွက်ကလေး ကိုင်ကာ ဝင်လာ သော ကလေး ငယ်ကြောင့် ချန်ရံ့ပင်ပန်းမှုတွေက မြှူမှုံလေးလို့ လွင့်ပြယ်သွားကုန်လေသည်။

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now