အပိုင္း ၃/Uni

557 43 3
                                    

✨ဓူဝံကြယ်လေး ရဲ့ ပဲ့ ကိုင်ရှင် "ဦး"✨

အပိုင်း ⭐၃⭐

ဓူဝံလေး သတိရလာပြီးနောင် နှစ်ရက် ခန့် ၌ ဆေးရုံ မှ ဆင်းခွင့် ရလေသည်။

ဓူဝံ ဦး ခေါ် လာ သည့်အိမ်ကြီး ကို ရောက်တော့ တစ်ခါမှ မရင်းနှီးသည့် ပတ်ဝန်းကျင် ဖြစ်နေသည်မို့ ဓူဝံ အိမ်ရှေ့ ၌ သာ မက်တပ်ရပ်နေမိလေသည်။

ဓူဝံ ဆေးရုံက ဆင်းလာ ပြီး ကထဲ က ဦး က တစ်ခါ ထဲ အဝတ်တွေ ဝင်ဝယ်ပေး ခဲ့ သည်မို့ ယခု ဓူဝံ လေး မှာ ပန်းရောင်ဝက်ခေါင်းပုံလေးပါသည့် ကျောပိုး အိပ်သေးသေးလေး ကို လွယ်ထား ပြီး ကာ လက်တစ်ဖက်မှာ လည်း ဦး၏ လက်အား ဆုပ်ကိုင်ထားမိလေသည်။

နဂို က အနည်း ငယ်ရှည်ချင်နေသော ဆံသား မိအိလေး များ အား ဆိုင်၌ ဝင် ၍ ဦး က ညှပ်ခိုင်းသည်မို့ ယခု ဓူဝံ ဆံပင်လေး များ ကာ လုံးလုံးအုပ်အုပ်လေး ဖြစ်နေလေသည်။

"ကြောက်လို့လား ကလေး "

ချနမရံ သူ၏ အိမ်ထဲ ဝင်ဖို့ တွန့်ဆုပ်နေသော ဓူဝံ့ ရှေ့ ၌ ဒူးထောက် ထိုင်ချ ပြီး ကာ ဓူဝံ့ လက်က လေး အား ကြင်ကြင်နာနာ ဆုပ်ကိုင် ၍ ဓူဝံလေး အား မေးလိုက်သည်။

"ဦး ရှိတယ် မကြောက်နဲ့နော် ၊ ဒီနေ့က စပြီး ဒီအိမ်က ကလေးရဲ့ အိမ်ဖြစ်သွားပြီ ဟုတ်ပြီလား "

"လာ ဦးနဲ့ တူတူ အိမ်ထဲ ဝင်ရအောင်နော် ဓူဝံလေးက လိမ္မာတယ်"

ထို အခါ မှ ဓူဝံလေးကို ချန်ရံ ပွေ့ချီ ပြီးကာ အိမ်ထဲ သို့ ခေါ်ခဲ့လိုက်သည်။

အိမ်ထဲ တို့ ရောက်သည်နှင့် အိမ်၌ ထမင်းချက်သည့် အိမ်အကူ အန်တီဒေါ်ယုနဲ့ အိမ်အကူကောင်မလေးသွယ်သွယ်တို့က ချန်ရံ့ ကား ပေါ်၌ ပါလာသော ဓူဝံ့အတွက်ဝယ်လာသည့် ပစ္စည်းများ အား ကား ထဲ မှ သယ်ပြီး ကာ ချန်ရံ့ အခန်းသို့ ပို့ ပေးကြသည်။

အစကနဦးက ဓူဝံလေးအတွက် အခန်းသီးသန့်စီစဉ်ပေးထားသော်လည်း ကလေးက ရောက်ကထဲ က ချန်ရံ့ လက်ကလေး အားဆုပ်ကိုင်ထားဆဲဖြစ်သည်မို့ ဓူဝံကြယ်လေးအား ကြောက်လန့်နေမည် စိုးသည်နှင့် ချန်ရံသူ၏ အခန်း၌ သိပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now