အပိုင္း ၆ (uni)

477 34 3
                                    

ဓူဝံကြယ်လေးရဲ့ ပဲ့ကိုင်ရှင် ဦး

အပိုင်း 6

ယခုဆိုလျှင်ကမ္ဘာမြေပြင်ပေါ်ရှိ ချန်ရံထွဋ်ခေါင်ရဲ့အပိုင် သက်ရှိလူသားလေး ဓူဝံကြယ်လေးသည် ချိန်ရံ့ဘဝထဲ ဝင်လာခဲ့သည်မှာ ၁၀စုနှစ်ပင် ကြာလာခဲ့လေပြီ။

ယခုဆိုလျှင် ဓူဝံလေး ၏ အသက်ပင် ၁၅နှစ်ခန့် ရှိလာပြီး ၁၀တန်း ကျောင်းသား ကြီး ပင် ဖြစ်လို့ နေပေပြီ။ ယခင်တစ်ခါ ဆေးကုသမှု ခံ ပြီပြီးကထဲ က ဓူဝံလေး မှာ စကား များစွာပြောလာခဲ့ပေပြီဖြစ်သည်။

ဓူဝံလေး သည် အရမ်း ရင်းနှီးသူ များ နှင့် သာ စကာအနည်းငယ်ပြောတက်သည်။ သူမသိသော သူမပြောချင်မရင်း နှီးချင်သော သူများ ဆိူ လျှင် စကား တစ်လုံးတောင်မထွက်ချေ။

ဓူဝံလေး သည် ၁၀တန်း ကို Bio တွဲ ယူ ထား ပြီး သူ့၏ ယခု သက်တမ်း တစ်လျှောက်လုံး ချန်ရံ က ဂရုစိုက်ပျိုးထောင်ပေး ခဲ့သည်မို့ ယခု တစ်ခါ သူ့အလှည့်တဲ့လေ။ ချန်ရံ တို့ ဖျားနှာတာ တွေ ဖြစ်ရင် ဓူဝံလေး ကိုယ်တိုင် ကုပေးချင်သည်ဟုဆိုလာသည့်နေက ချန်ရံတစ်ယောက် အပျော်ကြီး ပျော်ခဲ့ရသေးတယ်။

ယခုဆိုလျှင် ဓူဝံလေးမှာ ထွန်းသစ်ကိုလည်း စကားတွေ ပြောလာပြီ ဖြစ်သလို ဓူဝံလေး၌ သူငယ်ချင်း ၂ယောက်ပင် ရနေလေပြီ ဖြစ်သည်။

အခြားအတန်းဖော်များနှင့်စကား သိပ်မပြောသည့် ဓူဝံလေး အား အနားကနေ အမြဲ သူငယ်ချင်း ကောင်းအဖြစ်ဘေးကနေ အဖော်ပြုပေးခဲ့ကြသည်မှာကြယ်စင်လင်းနှင့် လက္ခတ်မောင်ဆိုသည့် အချစ်ဆုံးသူငယ်ချင်းလေးနှစ်ယောက်ပင်။

"ဓူဝံ "

"အင်း "

"နေ့လည် မုန့်စားဆင်းချိန် ဆင်းအုံးမလား "

"ဖြောင်း"

"အာ့ မသာမလေး"

အတန်းထဲ၌ စာရေးနေသော  ဓူဝံလေး အား အတင်းကာနင်း မုန့်စား ဆင်းဖို့ခေါ်နေသော လက္ခတ်အား အမြင်ကပ်ကပ်ဖြင့် ကြယ်စင်လင်းတစ်ယောက် လက္ခတ် ၏ လက်မောင်းအား အားဖြင့် ရိုက်လိုက်ခြင်း ဖြစ်လေသည်။

"ငါမသာမဆို နင့် ပါတစ်ခါထဲ ဂုတ်ချိုးသတ် ပစ်မှာ နွားရဲ့"

"ဘာ မသာမ ငါ့ များနွားတဲ့ ..နင်လေ နွားမကြီးက "

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now