Part. 12

265 24 4
                                    

🌺ဓူဝံကြယ်လေးရဲ့ ပဲ့ကိုင်ရှင်  "ဦး"🌺

အပိုင်း ၁၂

"အားးးးးးးးးးးးး...အဟင့် အဟင့်...မလာနဲ့ မလာပါနဲ့ အီးဟီး ...ထွက်သွား ထွက်သွား အဟင့်အဟင့် "

"မရိုက်ပါနဲ့ ....သားကိုမရိုက်ပါနဲ့ အဟင့်အဟင့် ....မေမေ...မေမေရေ ...အဟင့် အဟင့် သားကြောက်တယ် "

"အဟင့် ...သားဆီမြန်မြန် ပြန်လာပါတော့မေမေ အဟင့်အဟင့် ...သားကြောက်တယ်"

ဒသမတန်း (A) အခန်းရှိ အခန်း၏ နောက်ဆုံး ထောင့်ကျောင်းသားအားလုံး၏ ခုံးများ ၏ နောက်ဆုံးဖြစ်သော ဂျောင်လေး တစ်ဂျောင်၌ ဓူဝံကြယ်လေး သည် ဒူး နှစ်ဖက်အား ထောင်ကာ ကြမ်းပြင်၌ ကျုံ့ကျုံ့လေးထိုင်ရင်း ထောင်ထားသော ဒါးနှစ်ဖက်အား လက်များဖြင့် သိမ်းဖက်ကာ စိတ်လွတ်နေသော လူတစ်ယောက်ပမာ အော်ကာ ငိုလို့နေလေသည်။

ဓူဝံလေး၏ ပုံကား ယခုသူရောက်နေသော နေရာ သူ၏ အတန်းဖော်သူ ငယ်ချင်းများ အား လုံးဝမမှတ်မိသည့်ဟန် အတန်းထဲရှိသူငယ်ချင်းများအားရေခဲတမျှအေးစက်နေသော အကြည့်မျက်ဝန်းသေများဖြင့်သာ ကြည့်၍ သူ၏ ပုံစံကား တစ်စုံတစ်ခုအားလွန်စွာကြောက်လန့်နေသည့်ဟန် အသားများတစ်စက်စက်တုန်ကာ ငိုသာ ငိုနေခဲ့လေသည်။

"ဓူဝံ ...ငါလေ ...နင့်သူငယ်ချင်း လေ ...သူငယ်ချင်း ငါ့ကို မှတ်မိလား "

"ဓူဝံ အဆင်ပြေရဲ့ လား ...မင်းကို ဘယ်သူအနိုင်ကျင့်တာလည်း ပြော ငါ အဲ့ကောင်ကို သွားရှင်းမယ် ..."

"ဓူဝံကြယ် ...ဆရာမကိုကြည့် ...သား သတိထားပါအုံး "

ဆရာမများနှင့် ကြာ်းင်လင်းတို့လက္ခတ်တို့လို့အချစ်ဆုံးသူငယ်ချင်းတွေက ပင် မေးတာ တောင်ဓူဝံလေးသည် သူ၏ ကြောက်ရွံ့နေမှာများကြား က မလွတ်မြောက်နိုင်သည့်ဟန် ။

"အဟင့် ...သားကြောက်တယ် ...မေမေ ...မေမေမြန်မြန်ပြန်လာပါတော့ အဟင့် အဟင့် "

"အားးးးးး...ဝုန်း ....ဝုန်း"

ရုတ်တရပ်ငိုနေရင်းမှ ထကာ နောက်ဆုံး ခုံး ပေါ်ရှိ ကျောင်းသူတစ်ယောက် စားပွဲပေါ်တင်ထားသော ထောက်စူးအား ဓူဝံလေးသည် လျှင်မြန်စွာ ယူ လိုက်လေသည်။

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now