အပိုင္း ၂/Uni

633 42 2
                                    

✨ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"✨

အပိုင်း ⭐၂⭐

ကလေးငယ်သည် နာကျင်မှုတို့ ကြောင့် ချန်ရံတို့ ခေါ်လာသည့်အချိန်၌ လမ်း၌ သတိမေ့ကာ လိုက်ပါလာခဲ့လေသည်။ချန်ရံကောထွန်းသစ်ပါ နှစ်ဦးသား ကလေးငယ်လေးအားညတွင်းခြင်း ပင် ဆေးရုံသို့ပို့ဆောင်ခဲ့ကြသည်။

နဂိုကထဲ က နှိပ်ဆက်မှုတွေ ခံထားရသည့် ကလေးငယ်ဟာ ထိုနေ့ ညမှာ စ ၅ရက်ထိ တိုင် သတိမေ့သွားခဲ့လေသည်။ ထိုငါးရက်အတွင်း ချန်ရံနှင့်ထွန်းသစ်မအားသည့်ကြားက ကလေးငယ်အားတွေ့ခဲ့သည့် ရပ်ကွက် ၌ ကလေးငယ်အကြောင်း တိတ်တဆိတ်စုံစမ်း ခဲ့သည်။

"ဓူဝံလေး သနားပါတယ်ဗျာ ...ကလေးက ငယ်ငယ်လေးနဲ့ အဖေဖြစ်သူ က လည်း ဘယ်ရောက်သွားလည်းမသိ ဒေါ်သင်းသင်းကလည်း ကား က တိုက်ခံ ရပြီးဆုံး နဲ့ တကယ့်သနားစရာလေးဗျာ"

"အင်း၊ ပြောလို့သာ ပြောရသာ က်ိုနေရောင်ကြီးမရှိ တာ ကျုပ်တို့တော့ သ်ိပ်ဝမ်းသာ တယ် ။ မဟုတ်ရင် ကေ ကို နေ့တိုင်း နှိပ်ဆက်နေတာ ။ ကျုပ်တို့က အိမ်နီးချင်းတွေ ဆိုတော့ ဓူဝံလေးကို ရိုက်နေတာ တွေ မြင်နေရပေမယ့်လည်း သွားမပြောရဲခဲ့ဘူး ..ခုတော့ ဓူဝံလေး ဝဋ်ကျွတ်တာပေါ့ ။"

"ကလေးအသက်က လည်း အင်း ၅နှစ်ပဲ ရှိအုံး မယ် နာမည် အရင်းက ဓူဝံကြယ် တဲ့ ကျုပ်တို့လည်း ကေ ကို သိပ်မမြင်ဖူး ဘူး "

"ခုလို ဒေါ်သင်းသင်းရဲ့ နာရေးကို ကူညီပေးကြလို့ ကျုပ်တို့က ကျေးဇူးတင်ပါတယ်ဗျာ"

အစသဖြင့် ထိုရပ်ကွက်လေးထဲ မှ လူများထံ မှ ကြားခဲ့ ရသဘ့် သတင်း များ က ၅နှစ်အရွယ်ကေ က
ငယ်ကိုယ်စား ထိပ်လန့်စရာတွေကြီးပင်။ချန်ရံ ရပ်ကွက် လူကြီး ထံ မှ ဓူဝံလေး အား တရား ဝင် ခွင့် တောင်းသည့်အခါရပ်ကွက်လူကြီး က လည်း ဓူဝံလေး၏ ရှေ့ရေး အတွက် ချန်ရံအ မွေးစား ခွင့်ပေးခဲ့လေသည်။

ထိုကိစ္စ အဝဝ ကို ချန်ရံ တို့ ဆောင်ရွက် နေကြသည်မှာ ၅ရက်ပင် ရှိခဲ့လေပြီဖြစ်သည်။ သို့သော် ဆေးရုံပေါ်၌ အောက်ဆီဂျင်ပိုက်နှင့် အသက်ပင် မနည်းရှု ရသော ကလေး ငယ်ဟာ ယခု တိုင်သတိမရခဲ့သေးပေ။

ဓူဝံကြယ်လေး ရဲ့ ပဲ့ကိုင်ရှင် "ဦး"Where stories live. Discover now