(Unicode)
တိုက်ခန်းထဲ တွင်ဟိုတစ်စဒီတစ်စပွနေတဲ့ အဝတ်များကိုအလျှင်အမြန်လိုက်သိမ်းနေတဲ့ ထယ်ယောင်း
သူ့လိုအောက်ခြေလူတန်းစားတစ်ယောက်က
နေမြင့်တဲ့ထိမအိပ်နိုင်သလို ညဘက်လည်း
စောစောပြန်ချိန်မရှိသလောက်နည်းသည်။မိုးလင်းတာနဲ့အချိန်ပိုင်းအလုပ်ဖြစ်တဲ့ကော်ဖီဆိုင်ဆီတန်းသွားရပြီး မိုး အတော်ချုပ်မှအိမ်ပြန်ရောက်တက်သည်။
မနက်နဲ့ ညအားတဲ့အချိန်မရှိတာကြောင့် မိမိ အခန်းကိုလဲရှင်းချိန်ဆိုတာမရှိ အစားအသောက်ကိုတောင်ဖြစ်သလိုစားရသည့် ဘဝ
ကြီးကဒွမ်မာဆန်နေတော့လဲ ခတ်သား...။သူ့လိုဘဝသမားလေးကိုချစ်ပေးမယ့်ရင်သားကြီးကြီး ပေါင်တံသွယ်သွယ်စော်လေးကလည်းမရှိတော့အတော်လေးခတ်ခဲပင်ပန်းသည်။
ကို့ဘဝအကြောင်းသီကုံးပြောရရင် လောင်ရ လွန်းလို့ ပျာကြသွားမယ်ထင်
"ဟယ်လို ပြော မင်ဟို"
"အာ.....လစာကောင်းရဲ့လား သူက full timeဆိုတော့လေ..."
"အင်းပါလစာကောင်းရင်တော့ တစ်ဝိုင်းကျွေးမှာပေါ့ဖေ့သားရယ်"
"အိုခေ အိုခေ ငါအဝတ်လဲ ပြီးလာခဲ့မယ်"
မင်ဟိုဆီမှအလုပ်တစ်ခုရမည်ဆိုတာကြောင့်အတော်ပင်ဝမ်းသာသွားရသည်။ အခုလုပ်နေတဲ့အချိန်ပိုင်းအလုပ်နဲ့ဆို တနေ့လုပ်တနေ့စားဘဝကတက်တော့မည်မဟုတ် ။ လစာကောင်းပြီးအတည်တကျအလုပ်လေးတစ်ခုတော့ထယ်ယောင်းလိုချင်လှသည်။
ကံတရားကြီးကသူ့လိုစောက်ချောလေး တွေအပေါ်အမြဲမဆိုးနိုင်ပါဘူး
ဒီအလုပ်လေးသာဟိုကောင်ပြောသလိုလစာကောင်းရင်ငါဒီဘဝကြီးကကျွတ်ပြီ
ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းဝင်ပြီးစော်ချောချောလေးတစ်ယောက်ထားပြစ်မယ်..အားရှ်
ငါ့ရဲ့ရွှေရောင်နေ့ရက်လေးတွေ။*****
"အာညော် အန်တီနဲ့ဦးလေးကျနော်က ကင်ထယ်ယောင်းပါ"
ကင်မ်ထယ်ယောင်းလေး သူ့ရှေ့ မှာထိုင်နေတဲ့လူနှစ်ယောက်ကိုအစွမ်းကုန်ပြုံးပြရင်း လောကွတ်ချော်နေလျှင်ထိုနှစ်ယောက်ကတော့ဒီတိုင်းမလှုပ်မယှက်မျက်နှာသေနဲ့ကြည့်နေသည်။