14

4.7K 439 21
                                    

ဓားတစ်ချောင်းနဲ့ ကြမ်းပြင်တို့ရဲ့ တကျိကျိပွတ်တိုက်သံကTaehyungနားကိုတဖြည်းဖြည်းရောက်လို့လာသည်

ထိုကျောချမ်းစရာအသံကြောင့်မျက်လုံးကိုအတင်းဖွင့်ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာရှေ့မှာသွေးတစ်စက်စက်ကျနေတဲ့ဓားတစ်ချောင်းကရှိနှင့်ပြီးသား

အလန့်တကြားနဲ့ဘေးကိုလှည့်ပြန်တဲ့အခါ သွေးအိုင်ထဲမှာလဲနေတဲ့အမျိုးသမီးတစ်ဦး

ပါးစပ်လဲ တစ်စုံတစ်ခုကိုပြောချင်နေဟန်
သွေးများထွက်နေသည့်ကြားမှ ရေရွတ်နေသေးသည်

"Tae..Taehyung..ထွက်သွား...ဒီအိမ်ကနေထွက်ပြေးတော့...အ့"

သွေးတွေအန်နေသည့်တိုင်သူ့ကိုထွက်ပြေးရန်ပြောနေသည့်ထိုအမျိုးသမီးဟာ

တစ်စုံတစ်ယောက်ရဲ့ဝမ်းဗိုက်ဆီကိုဓားဖြင့်ထိုးချလိုက်တာကြောင့်ငြိမ်သက်သွားတဲ့ရုပ်အလောင်းနဲ့အတူသူ့ကိုစိုက်ကြည့်နေသည်..။

လူသတ်သမားကဟက်ဟက်ပက်ပဟက်ရယ်မောရင်းTaehyungနားကိုလျှောက်လာ​နေတာ..ဝေဝါးနေတဲ့ထိုလူ့မျက်နှာကိုအသေးအစိတ်မမြင်ရသော်ညားအသံကတော့သူရင်းနှီးနေသလိုမျိုး..။

" ဘလိုလဲကိုကို ကျနော့်ဆီကထွက်ပြေးချင်သေးလား"

ဟင်..jungkook!!

သွေးစက်တွေပေကျံနေတဲ့jungkookမျက်နှာထက်မှာစိတ်တဇအပြုံးတို့ပါဆင်မြန်းထားပုံကသွေးဆာနေတဲ့လူတစ်ယောက်ပမာ

ထိုပုံစံကြောင့်ဘဲကြောက်လန့်ကာjungkookရဲ့ဝေးသထက်ဝေးရာကိုသာပြေးမိသည်...

"ဟက်...ကိုကိုကHide and seek ဆော့ချင်နေတာဘဲ"

အဖြူရောင်အကျီပေါ်မှာပေကျံနေတဲ့သွေးစက်တွေရယ် ဓားကိုတရွက်တိုက်ဆွဲကာ ထယ်ယောင်းနောက်ကိုဖြေးဖြေးချင်း လိုက်လာတဲ့ပုံစံက စိတဇဆန်ဆန်

Taehyungအမောစို့မတက်ပြေးနေပေမယ့် ဂjungkookနဲ့ဝေးမသွားတဲ့အပြင်ပိုလို့ပင်နီးလာသည်...ပြေးရင်းနဲ့တောထဲကိုရောက်လာတာမို့ သစ်ငုပ်တိုတစ်ခုနဲ့ ဝင်တိုက်မိကာပြစ်လဲတော့တယ်

"အ့..သေစမ်း..."

သစ်ငုပ်ရဲ့အစွန်းနဲ့ခြစ်မိသွား​​တော့သွေးတွေဖျာခနဲ့ထွက်လာတဲ့ခြေထောက်ကို လစ်လျူရှု့ရင်းဆက်ပြေးပေမယ့် ခြေထောက်ခွေကာလဲကြသွားပြန်သည်...ဘလိုလုပ်မလဲjungkookနဲ့အရမ်းနီးနေပြီကို
.
.
တိတ်ဆိတ်​နေတယ်​တောအုပ်ထဲမှာဘယ်​နေရာကမှန်းမသိလေ​အောင်ထွက်​ပေါ်​နေတဲ့ထိုသီချင်းသံ...သစ်ပင်ခပ်ကြီးကြီးတစ်ခုနောက်မှာပုန်းနေတဲ့Taehyungကြောက်လွန်းလို့အသံမထွက်အောင်ပါးစပ်ကိုလက်ဖြင့်ပိတ်ထားရတယ်...သူဒီကနေအမြန်လွတ်မြောက်ချင်လှပြီ

THE BOY (Completed) Where stories live. Discover now