18 🚨

6.4K 424 55
                                    

"သတို့သားလေးကအရမ်းလှတာဘဲ မိတ်ကပ်ပါးပါးလေးလိမ်းထားတာတောင်တအားလှတယ်"

Taehyungကိုမိတ်ကပ်ပြင်ပေးနေတဲ့အမတွေရဲ့ချီးမွန်းသံကတစ်ယောက်တစ်ပေါက်

" ချီးကျူးတာကိုလက်ခံပေမယ့် ကျနော်ကလှတာမဟုတ်ဘူး ခန့်တာဗျ "

ဒီလောက်ခန့်ညားတဲ့သူ့ကိုလှတယ်ဆိုပြီးပြောလာတာကြောင့်သိပ်တော့ဘဝင်မကျ

Jungkookeiနဲ့ယှဥ်ရင်သူက အားကိုးချင်စရာကောင်းလောက်တဲ့ပုံစံမျိုးဖြစ်နေချင်တာကြောင့်အမတွေကိုအတက်နိုင်ဆုံးကြည့်ကောင်းအောင်ပြင်ဖို့ပြောသည့်အခါ အီလည်လည်နှင့်သာခေါင်းငြိမ့်ကြသည်။

"ဟုတ်ပါပြီ ပြင်ဆင်လို့ပြီးပြီဆိုတော့ ဒီပန်းစီးလေးကိုင်ထား  ပြီးရင််သတို့သားရဲ့အုပ်ထိန်းသူကလာခေါ်လိမ့်မယ်  "

"အမ်..မဟုတ်ဘူးလေ "

ပန်းစီးကသူကိုင်ရမှာမဟုတ်ကြောင်းငြင်းနေပေမယ့် အမတို့နားလည်ပါတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်နေကြသည်။

သူ့ကိုအဲ့လိုမကြည့်ကြနဲ့သူပန်းစီးကိုင်ရမှာမဟုတ်ဘူးဆိုနေ

"ကိုကို..အဆင်သင့်ဖြစ်ပြီမလား "

"Jungkook!!...ကိုကိုမင်းကိုပန်းစီးမကိုင်ဘူးလို့ပြောထားတယ်မလား "

ဘဲ​ဖြစ်သူရောက်လာသည်နှင့်လက်မောင်းကိုဆွဲကာသူမလုပ်ချင်ကြောင်းနှုတ်ခမ်းဆူ၍ပြော​နေသည်။ Jungkookသူ့ကိုကိုအလှမှာနစ်မြောနေတာမလို့တောင့်တောင့်ကြီးနှင့်သာ ငေးကြည့်နေမိသည်။

"jungkookလို့...ကိုကိုပန်းစီးမကိုင်ချင်ဘူးနော် ကတ်ိမတည်ရင် မင်းနဲ့လက်မထပ်တော့ဘူး "

"ကိုကိုကဗျာ..ကျနော်ကလဲ​ငြင်း​​နေလို့လားကိုကိုမကိုင်ချင်ရင်ကျနော်ဘဲကိုင်လိုက်ပါ့မယ် အဲ့လိုကြီးတော့မချိန်းခြောက်ပါနဲ့"

"ဟီး..ဒါမှငါ့ကောင်လေး။ ချစ်တယ်နော်  ရော့ပန်းစီးယူလိုက်ကိုကိုခန်းမထဲမှာစောင့်နေမယ် "

Taehyungလိုချင်တာရသည်နှင့် Jungkookတောင်လှည့်မကြည့်ဘဲခပ်သုပ်သုပ်ထွက်လာခဲ့သည်။ မဟုတ်ရင်Jungkook စိတ်ပြောင်းပြီးသူပန်းစီးကိုင်နေရအုံးမည်လေ။

THE BOY (Completed) Where stories live. Discover now