8

5.8K 583 48
                                    

2ရက်ရှိပြီဂျောင်ကုအပြင်လဲထွက်မလာသလို ထမင်းလဲထွက်မစားတာ

ဟိုနေ့ကလုပ်ရပ်ကြောင့်အရမ်းစိတ်ဆိုးပေမယ့်ဒီလိုကြတော့လဲ မနေနိုင်​​ပြန်ဘူး

ဒီအိမ်မှာနေလာတာလပိုင်း​​လေးဆိုပေမယ့်ဒီကောင်လေးကိုသံယျောဇဥ်တွယ်မိနေပြီထင်တယ်

ကို့ကိုမတရားကြံစည်ဖို့ကြံတဲ့သူကိုသနားနေတဲ့ကိုယ်ကတစ်ကယ်ကိုတုံးအလွန်းနေတာ

jeon jungkookနေရာမှာတစ်ခြားသူသာဆိုရင်အနည်းဆုံးမျက်ခွက်တော့စုတ်တယ်။
.
.

ဒီနေ့တော့စိတ်ဆိုးနေတာကိုဖယ်ထားကာ ဂျောင်ကုအပြင်ထွက်လာဖို့အ​ရေး​သူနဲ့အိမ်တော်ထိန်းခေါင်းချင်းဆိုင်ဆွေးနွေးရသည်။ အမှန်ဆိုသူကအချော့ခံရမှာဖြစ်ပေမယ့်တကယ်တမ်းပြန်ချော့ရလိုက်တဲ့သူကလဲသူဘဲဖြစ်နေပြန်သည်။

ဒီအိမ်မှာနေတာကြာသည်နှင့်အမျှသံယောဇဥ်ကတွယ်လာမိတယ်။ ကွန်ကရစ်လမ်းမကြီးကိုမာကျောနေတဲ့အိမ်တော်ထိန်းတောင်စိတ်မကောင်းပုံပေါ်နေတာမလို့အနည်းဆုံးကိုယ့်စကားတော့နားထောင်သေးတဲ့Jumgkook
ကြောင့်သာဖြန်ဖြေပေးရမည့်ပုံ မဟုတ်ရင်ထိုကလေးအခန်းထဲကနေထွက်လာတော့မည်မဟုတ်

အိမ်တော်ထိန်းပြောပုံအရjungkookနသူ့မိဘတွေရဲ့ဆက်ဆံ​​ရေးကအရင်ထဲက အေးတိအေးစက်ဖြစ်သည်။

ဘလိုမိဘတွေလဲဆိုတာသူလုံးဝမစဥ်းစားတက်​ မွေးပြီးတာနဲ့တာဝန်ကျေပြီလို့ထင်နေတာလားကို့သားသမီးကိုချစ်ပေးရမယ်လေ မိဘမေတာကိုအပြည့်အဝပေးရမယ်..

အခုတော့တစ်သက်စာစားမကုန်တဲ့အမွေတွေကုမဏီဲ​တွေကိုလွှဲပြီးသားအဖြစ်ကနေစွန့်လွှတ်လိုက်တယ်တဲ့သောက်ရမ်းမိုက်တဲ့မိဘ ဝတ်ကြီး

အိမ်တော်ထိန်းကြီးပြင်ပေးတဲ့ ဟင်းနဲ့ထမင်းတွေကိုကိုသယ်ကာJungkookအခန်းဆီကို တက်လာခဲ့သည်စိတ်ဆိုးနေပေမယ့်လဲသူကတော့ပြစ်မထားရက်

နှစ်ရက်တောင်ထမင်းမစားဘာမစားဆိုတော့ ဗိုက်အရမ်းစာနေမှာ အသေအချာပင်

အခန်းဝရောက်တော့ဂျောင်ကုတံခါးဖွင့်မပေးမှာမှန်းသိလို့ယူလာခဲ့တဲ့သော့နဲ့တံခါးဖွင့်ကာဝင်သွားလိုက်ရင်သူစရောက်တဲ့နေ့ကလိုဘဲပြတင်းပေါက်နားထိုင်ကာငေးနေ​ပြန်တယ်

THE BOY (Completed) Where stories live. Discover now