"ကိုကို! မပြီးသေးဘူးလားကျနော်အောက်မှာဘဲစောင့်နေတော့မယ်ပြီးရင်ဆင်းလာခဲ့နော်"
ဆေးရုံတစ်ခါသွားဖို့အရေးမှန်ရှေ့မှာ
ဖင်ကြည့်လိုက်ခေါင်းကြည့်လိုက်နဲ့ဆေးရုံသွားမယ့်သူကသူလားကိုလားမသဲကွဲအောင်ပဲများနေရင်သူသိပ်ကြည့်မရတော့ကိုယ့်အပိုင်လို့သတ်မှတ်ထားတဲ့ကိုကို့ကို သူကလွဲပြီးတစ်ခြားသူတွေကြည့်မှာကိုမလိုလားဘူး
Taehyungနာမည်ကိုတစ်ဆာဆာအော်ကာစိတ်မရှည်တဲ့ပုံဖမ်းနေတဲ့Jungkookကြောင့်အမြန်အောက်ကိုဆင်းလာသည်နှင့် ဆူပုပ်ကာဧည့်ခန်းထဲတွင်ထိုင်နေသည်။
အာ..ဒီကလေးဘာတွေအလိုမကျဖြစ်နေပြန်တာလဲ
"Jumgkookei ကိုကိုပြီးပြီသွားရအောင်"
စကားတောင်ပြန်မပြောနိုင်တဲ့အထိသူ့ကိုခေါင်းစခြေအဆုံးကြည့်ကာသက်ပျင်းချနေတော့ဘာများဖြစ်နေလို့လဲဆိုတဲ့အတွေးကသူ့အုံးနှောက်ထဲကိုဝင်လာသည်
"ကိုကို ဘာဖြစ်နေလို့လဲဟင်တစ်ခုခုပေနေလို့လား...အာဒါမှမဟုတ် ဝတ်ထားတာမလှလို့လား အ့ဆိုကိုကိုသွားပြန်လဲလိုက်မယ်လေ"
"မဟုတ်ဘူးအရမ်းလှနေလို့!....ဒီပုံစံနဲ့ဆိုကိုကို့ကိုဝိုင်းကြည့်ကြတော့မှာဘဲ ကျစ်!"
ဆူဆူပုပ်ပုပ်ရုပ်လေးကဘာလေးမှန်းလဲမသိ သူ့ကိုဝိုင်းကြည့်မှာကိုစိုးရိမ်ပါတယ်ဆိုတဲ့စကားကိုကြားတော့ရယ်မိသွားတယ်...ဒါကိုဘဲစိတ်ကောက်သွားပြန်တဲ့ကိုတော်ချောလေးကြောင့်သူ့စိတ်ကြိုက်အကျီကိုပြန်လဲပေးရသည်။
"Jungkookei...ကိုကိုကတကယ်ဒီပုံစံကြီးနဲ့ဆေးရုံကိုလိုက်ရမှာလားလို့"
ဘောင်းဘီရှည်အကျီရှည်ကိုမှအဘိုးကြီပေါက်စပုံစံဝတ်ပေးထားပေမယ့်သူအထွန့်မတက်ရဲ
မဟုတ်ရင်အရစ်ကျောထပ်ရှည်နေလို့
ဒီနေ့ဆေးရုံကိုရောက်တော့မှာမဟုတ်ဘူးဆေးရုံရောက်တော့ဆရာဝန်ကပုံမှန်လုပ်နေကြအတိုင်းJungkookကိုစစ်ပေးပြီး
သူကတော့လူနာစောင့်တဲ့ထိုင်ခုံလေးမှာထိုင်ရင်းJumgkookကိုထိုင်စောင့်နေရသည်။