အပိုင်း(2)Un Zaw

8.2K 748 62
                                    

" ရွာထဲရှိကြ ကုန်သောလုပ်သားပြည်သူအပေါင်းတို့ ခဗျား ကျတော်တို့ရွာသူကြီး
ဦးဂတုံးက

ညနေ တစ်နာရီထိုး အချိန်တွင် သူ၏နေအိမ် မဂ်လာလို့  အစည်း အဝေးတက်ရောက်ပါရန် မှာကြားလိုက်ပါတယ်ခဗျား

မဖြစ်မနေ တစ်အိမ်တစ်ယောက် တက်ရောက်ပေးကြပါရန်ကိုလဲ မှာကြားလိုက်ပါခဗျာ

ညီးစုရွာက အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီ
နှစ်ပိုင်းရှိသည် ။  ရွာသူရွာသား အချင်းချင်းကတည့်တည့်ရူရူ နဲ့စည်းလုံးညီညွတ်မူရှိပေမဲ့ ဘေးရွာက လူတွေနဲ့ကတော့ ခဏခဏ ပြသာနာ တက်ရသည်

" အဖေ ရွာသူကြီးက ဘာကိစ္စရှိလို့လဲ မသိဘူးနော် အဖေရောကြားမိသေးလား

သားဖနှစ် ယောက်ထမင်းဝိုင်းတွေ နှင်းသွေးရဲ့အမေးကို အဖေက ရေနွေးကြမ်းကို မှုတ်သောက်ပြီးတော့ ပြန်ဖြေ၏ ။

" မနေ့က ရွာဦးကျောင်းမှ ပြောနေတာ ကြားတာတော့ မြို့ကလူလေးတစ်ယောက် ဒီရွာလာမယ် ပြောကြတာဘဲ အဖေလဲသေချာမသိဘူး

" သူကြီးခေါ်တဲ့စီ  သမီးသွားလိုက်ရမလား အဖေ

"နေနေငါသွားလိုက်မယ်

"ဟုတ်ကဲ့အဖေ

" နှင်းသွေးနင့်မောင်အခုထိပြန်မလာသေးဘူးလား မနက်ကတည်းက အိမ်ကထွက်သွားတာ

ဟုတ်ပါရဲ့အဖေပြောမှသတိရတော့သည်။ မနက်ကတည်းကအဖေနဲ့ စကားများပြီးထွက်သွားတာ အခု နေ့လည် 11နာရီတောင်ထိုးတော့မယ်။

   အခုချိန်ထိပြန်မလာသေးဘူး  ဗိုက်တွေ ဘာတွေများ ဆာနေမလားမသိဘူး

အမဖြစ်သူကသာ စိတ်ပူနေရတာ သူကအခုချိန်ဆို  ထန်းတောမှသွားသာယာနေလိုက်ပြီး ဒီမောင်လေး တစ်ယောက်နဲ့ ခက်တော့တာပါဘဲ

" ဟဲ့ငါမေးနေတာ မဖြေဘဲဘာတွေစဉ်းစားနေတာလဲ။

"ဘာမဟုတ်ပါဘူးအဖေရဲ့ အဖေသားဘယ်ထန်းတော ရောက်နေလဲလို့ စဉ်းစားနေလို့ပါ

"  ငါသူကြီးအိမ်သွားလို့ အဲ့ကောင် ပြန်လာရင် နောက်ထက်ဘယ်မထွက်ခိုင်းနဲ့  ငါပြောစရာရှိတယ်လို့ပြောလိုက်  ကြားလား

ဒေါင်းWhere stories live. Discover now