"မင်းဘာလို့ ခွပ်ဒေါင်းမာန်ကိုဓားနဲ့ထိုးရတာလဲ မင်းနဲ့သူကငယ်ငယ်လေးကတည်းက ပေါင်းသင်းလာတဲ့သူတွေမဟုတ်ဘူးလား
သူကြီးကရွာသူရွာသားတွေကို ခေါ်ထားပြီး ခွပ်ဒေါင်းမာန်ကိုဓားနဲ့ထိုးနဲ့ အောင်တိုးကိုစစ်မေးနေတာဖြစ်သည်။
" ကျုပ်ကသူကိုသေအောင်လုပ်တာမဟုတ်ဘူးဗျ
"သူကကျုပ်ပေါ်အမြဲတမ်းအနိုင်ကျင့် လူပါးဝနေတာ ကျုပ်မခံနိုင်တော့လို့ သာသာလေး ဓားနဲ့ထိုးလိုက်တာ
အောင်တိုးစကားကြားပြီး သူကြီးအပါအဝင်ရွာသူရွာသာတွေကပါ ပါးစပ်အဟောင်းသား ဘာတဲ့ ထိုးတာတောင်သာသာလေးထိုးတာတဲ့
ထိုအချိန်မှာဘဲ ခွပ်ဒေါင်းမာန်ရဲ့ အမကဝင်ပြောတော့သည်။"ဟဲ့ နင်ကသာသာလေးထိုးပေမဲ့ မတော်လို့ သေသွားရင်ဘယ်လိုလုပ်မလဲ
"အခုသေမှမသေတာကို
"နင်နင်ငါလုပ်ရင်သေတော့မယ်
နှင်းသွေးကိုနံ့သာကဆွဲထားလို့သာပေါ့မဟုတ်ရင် အောင်တိုးပါးကွဲနေလောက်ပြီး နှင်းသွေးမာန်က တစ်ခြားနေရာတွေမှာသာအနေအေးပြီး ဘာဝင်မပါတက်ပေမဲ့ သူမောင်နဲ့ပတ်သတ်ရင်တော့မရ
" သူကြီးသူကို ကောင်းကောင်းအရေးယူပေးပါမဟုတ်လို့ကတော့ ကျေနပ်မှမဟုတ်ဘူး
"နှင်းသွေးမာန်သွား အိမ်ပြန်တော့ ငါတို့လူကြီးတွေ ကြည့်ရှငိးလိုက်မယ်။။
"အဖေ့
"လာပါမနှင်းရယ် အိမ်ပြန်ကြရအောင်ပါ
နှင်းသွေးမှာ နံ့သာဆွဲခေါ်ရာနောက်လိုက်လာခဲ့လိုက်ရတော့သည်။
"အဲ့တာဆိုကျုပ်တို့လူကြီးတွေဆက်ဆွေးနွေးကြတာပေါ့
__&&&_
"စိတ်လျော့ပါ မနှင်းရယ် လူကြီးတွေသူတို့ဘာသာကြည့်လုပ်ပါလိမ့်မယ်
နံ့သာပြောတော့ ဘာမှတော့ပြန်မပြောရှာ
"ဒါနဲ့အခုကဘယ်သွားနေတာလဲဟင်
တောင်ပိုင်းကိုသွားနေတာမလို့ နံ့သာမေးလိုက်ရခြင်းဖြစ်သည်။