အပိုင်း(36)Un Zaw

2.6K 263 37
                                    

"ပြောစရာရှိတာ ပြော ငါတို့ကမင်းလိုအားယားနေတာမဟုတ်ဘူး

"ဟုတ်တယ်

အဖေနဲ့ အမကို ဘယ်လိုစပြောရမလဲဆိုပြီး ခွပ်ဒေါင်း အကြိတ်အနည်စဉ်းစားနေရသည် ။

‌ဦးနှောက်က အလုပ်မလုပ်တာကြာပြီမလို့ ဘယ်လိုမှ စဉ်းစားလို့ကမရ နောက်ဆုံး တည့်တိုးပြောဖို့သာ ဆုံးဖြတ်လိုက်သည်။

"ကျုပ်ကို ယောင်္ကျားလိုက်တောင်းပေး

"ဖွီ  အဟွတ် အဟွတ်

"ဟမ်

ခွပ်ဒေါင်းစကားကြားပြီး အဖေကတော့ ရေနွေး သည်းပြီး ချောင်းတွေဆိုးပါလေရော အမ နှင်းသွေးကြည့်လိုက်တော့လဲ  လက်ဖက်ဇွန်းကြီးကိုင်ပြီး  အံ့ဩနေသည်။

"  နှင်းသွေး ငါနားကြားများ မှားနေလားမသိဘူး

" မမှားဘူးအဖေ သမီးလဲ အဖေကြားသလို ကြားလိုက်တယ်

" ကြားကျရင်လဲ လိုက်တောင်းပေးကြဗျာ  ကျုပ်လူပျိုကြီးဘဝနဲ့ မနေနိုင်ဘူး

" ငါတို့ကမင်းအတွက် ဘယ်သူလိုက်တောင်းပေးရမှာလဲ

" ဆရာလေးကို

"ဟမ်

ဦးတိုးမာန်နှစ်ကြိမ်မြှောက်အံဩခြင်းပါ အရင်ကတည်းက ဒင်းဆရာလေးကိုစိတ်ဝင်စားနေတယ်ထင်ပေမဲ့ ခဏအပျော်လို့သာထင်ခဲ့မိတာ အခုကျတော့ ‌လိုက်တောင်တောင်းခိုင်းနေပြီးဆိုတော့ အ‌ပျော်မဟုတ်တော့တာသေချာသည်။

" ဆရာလေးကို လိုက်တောင်းခိုင်းရအောင် နင်ကို ဆရာလေးကကြိုက်လို့လား

အမနှင်းသွေးရဲ့စကားကို အဖေကလဲ ခေါင်းညိမ့်ပြီးထောက်ခံသည်။

"အခုတော့ မကြိုက်သေးပေမဲ့ နောက်ကျပြန်ကြိုက်လာမှာပါ

"ပြန်ကြိုက်မှလာပြော အခုတော့ မင်းအလုပ်လုပ်ဖို့စဉ်းစား ယောင်္ကျားသာယူချင်တာ အလုပ်ကျမလုပ်ချင်ဘူး

"အဖေရှိနေတာဘဲ

"ငါရှာတဲ့ပိုက်ဆံ မင်း ယောင်္ကျားယူဖို့မဟုတ်ဘူး မင်းဘာသာမင်းအလုပ်လုပ်လို့ရတဲ့ပိုက်ဆံနဲ့ယူ

ဒေါင်းWhere stories live. Discover now