အပိုင်း( 10)

4.3K 386 29
                                    

  ''''' အော် အီး အီးအွတ်

'''''တောင် တောင် တောင်

လင်းကြက်တွန်သံရော ရွာဦးကျောင်းက အုန်းမောင်းခေါက်သံရောကြောင့် နွေဦး အိပ်ယာကနေ ထလာခဲ့တော့တယ်

အရင်ဆုံးကိုယ်လက်သန့်စင်လိုက်ပြီး
ဆွမ်းလောင်းရင် ဆွမ်းဟင်းချက်ဖို့ ပြင်လိုက်တော့တယ်

ဆွမ်းဟင်းအတွက်ကတော့ မနေ့က ဟိုဘက်အိမ်ကပေးထားတဲ့ ဘူးရွက်ကလေးကြော်ပြီး ငါးခြောက်ချက်လေးနဲ့ ။

ဆွမ်းတော်အတွက်ရော နွေဉီးစာဖို့ပါ ချက်ပြုတ်လိုက်ပြီး ဆွမ်းတော်ကြွလာမဲ့ အချိန်ကိုစောင့်ရင်း ဝိုင်းထဲ သန့်ရှင်းရေးလုပ်နေလိုက်သည် ။ အစားအသောက် ဂျီးမများတက်တဲ့ နွေဦးအတွက်ဟင်းနှစ်ခွက်တင်ပြည့်စုံလှပြီ

ဆွမ်းတော်ဗျို့  !

နွေဦးသဘတ်လေးကို ပုခုံးပေါ်တင်ပြီး ဆွမ်းထွက်လောင်းလိုက်ပြီး ဆရာတော်ဘုရားရဲ့ ခြေတော်ရင်းမှ ဝပ်တွားပြီးကန်တော့လိုက်တော့သည်

"ဘုန်းကြီးပါစေ သက်ရှည်ပါစေ အနာ‌ရောဂါ နဲ့ကင်းဝေးပါစေကွယ်

"ပေးတဲ့ဆုနဲ့ပြည့်ပါစေအရှင်ဘုရား

" ရွာမှနေရတာအဆင်ပြေရဲ့လား ဆရာလေး

"ပြေပါတယ်ဘုရား ရွာသူရွာသားတွေအကုန်လုံးက ဝိုင်းဝန်း စောင့်ရှောက်ကြပါတယ်ဘုရား

"ခွပ်ဒေါင်းမာန်တော့မပါဘူးမလား

နွေဦးဆရာတော်ဘုရားကိုပြုံးပြီးတော့ ပြန်လျောက်တင်လိုက်‌၏

"တင့်ပါဘုရား နေ့တိုင်းလိုလို ပြသာရှာပါတယ်ဘုရား

"သည်းမခံနိုင်တဲ့တစ်နေ့ ဘုန်းဘုန်း ဆီလာခဲ့ ဘုန်းဘုန်းခေါ်ပြီးဆုံးမပေးမယ်

"တင်ပဘုရား

ဆရာတော်ဘုရားကြွသွားတာနဲ့နွေဦး အိမ်ထဲကို ပြန်ဝင်မယ်အလုပ် နောက်ကနေရောက်နေတဲ့သူကြောင့် လန့်သွားသည် ။မနက်စောစောစီးစီးဘယ်လိုများရောက်နေပါလိမ့်

"ဒီမှာ ခင်ဗျား မနက်စောစော စီးစီး သူများအတင်းပြောနေတယ်ပေါ့

ဒေါင်းWhere stories live. Discover now