အပိုင်း( 39)Un zaw

3K 277 65
                                    

"အော် အီးအီး  အွတ်

လင်းကြက်သွန်သံနဲ့ အတူ အဖေရဲ့ ဘုရားဝတ်ပြုသံကိုကြာတာနဲ့တပြိုင်နက်  နှင်းသွေးအိပ်ယာမှထပြီး  ကိုယ်လက်သန့်စင်ကာ ဆွမ်းချက်ရင် နောက်ဘေး မီးဖိုချောင်ဘက်ကို မီးခွက်ကိုင်ကာထွက်လာခဲ့လိုက်သည်။

မီးအရင်မွှေးလိုက်ပြီး ဆန်အိုးထဲက ဆန်ခပ်နေရင်း

*ခွပ်ဒေါင်းက အိမ်ပြန်စားမှာလားမသိဘူး

*စားမှမဟုတ်လောက်ပါဘူး 2ဘူးလောက်ဘဲတည်လိုက်တော့မယ်

ဆန်နှစ်ဘူးကိုရေသေချာဆေးပြီး မီးဖိုပေါ်တင်ကာ  ဘုရားပန်းအိုးလဲရန် အိမ်ပေါ်သို့ပြန်တက်လာခဲ့လိုက်သည်။

"နှင်းသွေးညည်းမောင်ညကပြန်မအိပ်ဘူးလား

အဖေ့ကဘုရားစင်ရှေ့ ဆေးလိပ်သောက်နေရင်းကနေ နှင်းသွေးကို မေးလာသည်။

" မအိပ်ဘူး အဖေ

" တောက် ! ဒီကောင်ဘယ်များသွားအိပ်နေလဲမသိဘူး

"အဖေ့သား သူကောင်လေးအိမ်အိပ်မှာပေါ့ ဘယ်အိမ်အိပ်ရ

နှင်းသွေး ဘုရားပန်းအိုးတွေယူရင်း အဖေ့ကိုပြန်ပြောလိုက်၏

"ဆရာလေးက သူအဖြေပြန်ပေးတယ်လား

ဒီကိစ္စကို ဦးတိုးမာန်အရမ်းသိချင်သည်။ ကိုယ်သားလူဆိုးလူပေကို ဆရာလေးလို နူးညံ့သိမ့်မွေ့ပြီးယဉ်ကျေးလိမ္မာတဲ့သူကရည်းစားတော်နိုင်ပါမလား

"  ကျော်ကြီးနဲ့ ငမဲတူးပြောတာတော့ မောင်လေးနဲ့ ဆရာလေးက ချောင်းရိုးထဲမှ ဖက်နေတယ်‌ပြောတာဘဲ

"အဲ့ကောင်တွေက ဘယ်လိုသိတာလဲ

"သူတို့လိုက်ချောင်းတယ်ပြောတာဘဲ အဖေ့သားလာမှ အဖေသေချာအောင်မေးကြည့်လိုက်တော့

ဦးတ်ိုးမာန်ဘာပြန်မပြောနေတော့ဘဲ ဆေးလိပ်ကိုသာပြန်သောက်နေလိုက်သည်။

__&&__&&__$&&&

"ဗိုက်ဆာနေပြီ မရသေးဘူးလား

" ‌ဗိုက်ဆာနေပြီလို့

အိမ်ထဲကနေ အာပြဲကြီးနဲ့ ဗိုက်ဆာအတင်းအော်နေတဲ့သူကြောင့် နွေဦးမှာ သေချင်စိတ်တွေတောင်ပေါက်နေသည်။

ဒေါင်းWhere stories live. Discover now