အပိုင်း(19)Un Zaw

3.4K 332 27
                                    

"ဆရာလေး

နွေဦးခေါ်သံကြားလို့ ကြည့်လိုက်တော့ ဖိုးသား လက်လေးနှစ်ဘက်နောက်ပစ်ပြီးတော့ နွေဦးကို ကြည့်နေရှာသည် ။ ဘာပြောချင်လို့ပါလိမ့်

"သားဘာပြောမလို့လဲ ပြောလေ

"ပေးစရာရှိလို့

" ပေးလေ

‌ဖိုးသားပေးတာဟာလေးကိုကြည့်လိုက်တော့ စာရွက်လေး ဘာတွေများရေးထားပါလိမ့် ဆိုပြီး နွေဦးဖွင့်ဖတ်ကြည့်လိုက်တယ်

^ခင်ဗျားရဲ့ နှလုံးသားမြို့တော်ကို သိမ်းပိုက်ဖို့

          ကျုပ်ရဲ့ စစ်သည်တော်   သုံးယောက်ချီတက်လာပြီ

       စစ်ခရာမမူတ်ဘဲနဲ့

                     အချစ်ကဗျာတစ်ပုဒ်နဲ့ တင်

        ခင်ဗျားကိုသိမ်းပိုက်မယ် ^

ပုံ/အရမ်းချောမောခန့်ညားတဲ့ကောင်လေး

•••••ကြောင်တောင်တောင်နဲ့ ဘာတွေလဲ ရေးထားတဲ့လက်ရေးကလဲ တီကောင်ဆားနဲ့ပတ်ထားပြီး ပဲပင်ပေါက်ကားကြိတ်ထားတဲ့အတိုင်း

နွေဦးတွေးမိသည် ဒီစာကိုရေးတဲ့သူက ကျုပ်တော့မပြည့်လောက်ဘူးဆိုတာကို ဒါနဲ့ဒီစာကိုဘယ်သူပေးတာပါလိမ့်

"သားသား ဒီစာကိုဘယ်သူကဆရာလေးကိုပေးခိုင်းလိုက်တာလဲ ဆရာကိုပြော‌ပြနော်

"ဦးဦးခွပ်ဒေါင်းက သူပေးတယ်ဆိုတာကို ဆရာလေးကိုပြန်မပြောနဲ့ဆိုပြီး မှာလိုက်တယ် ဆရာလေးရဲ့

နွေဦးမှာဖိုးသားလေးအဖြေကိုကြားပြီးရီရခက်ငိုရခက် ဟိုတစ်ယောက်ကဘာမဟုတ်တာတွေ လုပ်ဖို့များစဉ်းစားနေတာပါလိမ့် သူနွေဦးကိုပြသာနာမရှာရရင်မနေနိုင်ဘူးထင်ပ

"သားကိုယ်နေရာကိုယ်သွားထိုင်တော့နော်

"ဟုတ်

နွေဦးစာရွက်ကလေးကိုစာအုပ်ကြားထဲညှပ်လိုက်ပြီစာသင်ဖို့ပြင်လိုက်တော့တယ်

__&&___&&___&&

" ဒေါ်အာကျယ် ခင်ဗျား ဘယ်ချိန်မှ ကျုပ်အဖေ အကြွေးကိုဆပ်မှာလဲ

ဒေါင်းWhere stories live. Discover now