အပိုင်း (28)Un Zaw

2.8K 312 34
                                    

နွေဦးသူကို လူတွေနဲ့ဝေး‌တဲ့နေရာဆွဲခေါ်လာလိုက်တယ် သူကလူကြားထဲလဲ ရှက်တာမဟုတ် ပြောချင်ရာပြောမှာ

လူ‌ကိုအတင်းလက်ကနေဆွဲခေါ်လာတဲ့သူနောက် ခွပ်ဒေါင်းလိုက်လာခဲ့လိုက်တယ် ဘယ်ထိများ ဆွဲခေါ်ဖို့စဉ်းစားထားလဲတော့မပြောတက် ဟိုဘက်ရွာတောင်ရောက်တော့မယ်

" ခင်ဗျား ဘယ်ထိခေါ်သွားမလို့လဲ

ထိုအခါမှရှေ့ကသွားနေသူကရပ်၏

" မင်းဘာလို့သူတို့ရှေ့မှာ ဘာလို့မဟုတ်တာတွေပြောနေတာလဲ

"ဘာကိုမဟုတ်တာလဲ

သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတဲ့သူကိုနွေဦး သေချာစိုက်ကြည့်ပေးလိုက်တယ် အစကကြည့်တာကသူမျက်နှာပါ ဘယ်လိုလုပ်ပြီးသူရင်ဘတ်တွေဆီ မျက်လုံးရောက်သွားသည်မပြောတက်

သူခန္ဓာကိုယ်က တော်တော်မိုက်တဲ့အထဲမှာပါသည် ။ တောင့်တင်းသန်မာနေတဲ့ ရင်အုပ်ကြီးတွေနဲ့ လက်မောင်းကြီးတွေက တကယ်ကို အားကိုးချင်စရာ ဗိုက်ပေါ်မှာလဲ ကြွက်သားကလဲသူနေရာနဲ့သူ သူအကန့်နဲ့သူ
လေ့ကျင့်ခန်းမလုပ်ဘဲနဲ့တောင်သူခန္ဓကိုယ်ကမိုက်သည် နွေဦးမှကြ သူလို လက်မောင်းကြွက်သားတွေ ဗိုက်ကြွက်သားတွေမပါပါ နွေဦးရဲ့ ခန္ဒကိုယ်က သာမာန်မိန်းကလေးတွေလို ပြားပြားပိန်ပိန်သေးသေးလေးဖြစ်သည်

လူကို‌သေချာစိုက်ကြည့်ပြီး မျက်နှာကရဲလာလိုက် နူတ်ခမ်းတွေဆူပူတ်‌လုပ်နေတဲ့သူကို ခွပ်ဒေါင်းကို ပြန်ပြီးစိုက်ကြည့်ပေးလိုက်သည်။

နွေဦးကိုစိုက်ကြည့်နေတယ် လို့ခံစားရတာကြောင့် အပေါ်ကိုမော့ကြည့်လိုက်တော့ လူကိုရွှန်းရွှန်စားစိုက်ကြည့်နေတဲ့သူကြောင့် နွေဦးကြည့်မိတာ မှားမိတောင်ထင်မိသည်။

"ခင်ဗျားကြည့်လို့ဝပြီးလား

ခွပ်ဒေါင်းမေးတော့ မျက်နှာလေးရဲလျက်

"ငါ ငါ မင်းကိုဘယမှာကြည့်နေလို့လဲ မင်းသာငါကိုကြည့်နေတာ

စကားတွေထစ်ပြီး မျက်လုံးတစ်ခုလုံးရဲလာတဲ့သူကိုကြည့်ပြီး ခွပ်ဒေါင်းကြိတ်ရီနေလိုက်သည် ။ ဒီလူ ယောင်္ကျားဖြစ်ပြီးကိုယ်ကြည့်တာကိုယ်တောင်ဝင်မခံရဲဘူး

ဒေါင်းWhere stories live. Discover now