အပိုင်း (33) Un Zaw

2.8K 291 31
                                    

" ခွပ်ဒေါင်းမပြီးသေးဘူးလာအေ နောက်‌ကျတော့မယ်ဟဲ့

အောက်က‌နေသာဖင်လိပ်ခေါင်းထွက်အောင်အော်နေတာ အပေါ်က‌ ဘာအသံကိုမကြားရ  ဆွမ်းကြီးလောင်းသွားရမှာကိုသိရဲ့သားနဲ့မနက်ကျစောစောမထ  နောက်ကျနေပြီးမလို့ နင့်သူငယ်‌ချင်းတွေနဲ့လိုက်ခဲ့တော့လို့ပြောတော့လဲမရ

" နင်တို့ရဲ့ သူငယ်ချင်းကိုလဲတက်ပြီးသွားကြည့်လိုက်အုံး ပဲဟင်းအိုးထဲများ မှောက်နေလားလို့

"ဟုတ်ဟုတ်

ကျော်ကြီးနဲ့ငမဲတူး အိမ်ပေါ်တက်ခဲ့ပြီးအာစိအခန်းထဲဝင်လာခဲ့လိုက်၏ အခန်းတခါးဖွင့်ကာရှိသေးတယ် နှာခေါင်းထဲ အလုံးလိုက်အရင်းလိုက်ဝင်လာတဲ့ အမွှေးနဲ့တွေ လူတောင်မူးလဲချင်မိသွားသည်။

အာစိကိုကြည့်လိုက်တော့မှန်ရှေ့ရပ်ပြီး ဆံပင်ကိုသေချာဖီးသင်နေသည် ကျုပ်တို့ဝင်လာတာတောင်သိချင်မှသိမည်။

" အာစိနောက်ကျနေပြီးသွားကြမယ်လေ

ငမဲတူးပြောတော့အာစိကမှန်ရှေ့ကနေ ကျုပ်တို့ဘက်လှည့်လာချိန် ကျုပ်တို့ နှစ်ယောက်သား ကိုယ်မျက် လုံးကိုယ်တောင်မယုံနိုင်သည်အထိ  အာစိကအရမ်းတွေချောမောခန့်ညားသန့်ပြန့်နေသည်။မင်းသားတွေတောင်ကျုပ်ကိုအာစိကိုမှီမှမဟုတ်

ကျုပ်ကို ကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေတဲ့ နှစ်ကောင်ကိုကြည့်ပြီး ခွပ်ဒေါင်း နူတ်ခမ်းတွန့်ယုံမျှပြုံးလိုက်သည်

အခုကျုပ်ပုံစံကိုဒီကောင်တွေတောင်ဒီလိုဖြစ်နေရင် ဟိုလူသာဆိုရင်အရမ်းတွေပစ်ကြွေသွားပြီး  ကိုကိုခွပ်ဒေါင်းကိုအရမ်းတွေချစ်ပါတယ် လက်ထပ်ချင်ပါတယ်တွေဖြစ်သွားမှ မြင်ယောင်သေးတယ်

အပုလေးရေ ကိုကိုခွပ်ဒေါင်းလာပြီး လွှတ်အောင်သာပြေးပေတော့ 

"ဟဲ့ အပေါ်က လူတွေဆင်းမလာရင် ငါထားခဲ့တော့မှာနော်

အမနှင်းသွေးအသံကြားမှ ကျောက်ခဲနဲ့ ငမဲတူးက ခွပ်ဒေါင်းကိုငေးနေရာက‌နေမျက်နှာလွဲပြီး

"အာစိပြီးရင်သွားမယ်တဲ့

"ငါကပြီးတာကြာပေါ့ မင်းတို့ကသာငါရဲ့ ချောမောမူကိုတွေမြင်ပြီး မျက်စိမလွဲနိုင်ဖြစ်နေကြတာလေ၊ သရေတွေကျနေကြတာ

ဒေါင်းWhere stories live. Discover now