မနက်စောစော အာရုံတက်အချိန် ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံကိုကြားပြီး နွေဦးနိုးလာခဲ့သည်။
မြို့မှာနေကတည်းက မနက်စောစောထတက်တဲ့အကျင့်ဒီရွာထိပါလာသည်။ နွေဦး အိပ်ယာကနေထလိုက်ပြီး ကိုယ်လက်သန့်စင်ပြီး ထမင်းဟင်းချင်ရန်ပြင်ဆင်လိုက်ပြီး သန့်ရှင်းရေးလုပ် လိုက်တယ်
သူကြီးက သူအိမ်ကနေ ထမင်းချိုင့်လာပို့ပေးပြောပေမဲ့ နွေဦးအားနာကြောင့် ကိုယ်ဘာသာကိုယ်ဘဲ ချက်စားဖို့ဘဲ စီစဉ်လိုက်သည်။နွေဦး ယောင်္ကျားလေးတစ်ယောက်ဖြစ်ပေမဲ့ မိန်းကလေး တွေလုပ်တက်တာတွေ တော်တော်များများကို နွေဦးလဲ လုပ်တက်၏
အဲ့လိုတွေလုပ်တက်ရတာကလဲ ငယ်ငယ်လေးကတည်းက အမေကိုယ်တိုင် သင်ပေးထားလို့ ဘယ်ပညာရပ်မဆို ယောင်္ကျားလေးဖြစ်ဖြစ် မိန်းမလေး ဖြစ်ဖြစ် တက်ထားတာအကောင်ဆုံးဘဲဆိုတဲ့ မေမေစကားကြောင့် နွေဦး ချည်ထိုး ပန်းထိုး စက်ချုပ် ကအစအကုန်ရသည်။
ဆွမ်းတော်ဗျို့
ရွာဦးကျောင်းက ဆွမ်းတော်အသံကြားတာနဲ့ နွေဦးဆွမ်းလောင်းဖို့ပြင်လိိုက်သည် ။
နွေဦးအခုရောက်နေတဲ့ရွာလေးက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ညီးစုကျေးရွာကလေးဖြစ်သည်။ မြစ်ကမ်းဘေးမှတည်ထားတဲ့ရွာလေးဖြစ်ပြီး ရွာသူရွာသားတွေကတော့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းတဲ့လုပ်ငန်းကိုလုပ်ကိုင်ကြသည် ။ ရွာလေးကသာယာပြီးနေချင်စဖွယ်လဲကောင်းသလို ရွာသူရွာသားတွေကလဲရိုးသားပွင့်လင်းကြတယ်
"ဗျို့ မြို့သားလေး
နွေဦးအသံကြားလို့ထွက်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်
"ဝင်ခဲ့မယ်နော်
နွေဦးလဲ ခေါင်းငြိမ့်ပြလိုက်သည်။
"သူကြီးကမြို့သားလေးအတွက်တဲ့ ငါးခြောက်လာပေးခိုင်းလိုက်လို့
" အားနာစရာကြီး ပြန်ယူသွားလိုက်ပါ အကိုကမြို့မှနေ ဝယ်လာတဲ့ ဟာတွေရှိပါတယ်
"ယူထားလိုက်ပါ မြို့သားလေရယ် ကျုပ်တို့ရွာက ရေကျချိန်ဆိုငါးခြောက်တို့ငါးပိကောင်တို့ရှယ်ပေါတာဗျ မြို့သားလေ အခုမစားချင်လဲ သိမ်းထားလိုက်ပေါ