အပိုင်း(5) Un Zaw

5K 494 36
                                    

"နှင်းသွေး ညည်မောင်မထသေးဘူးလား

"အဖေလဲသိရက်သားနဲ့ ဘယ်တုံးကသူဒီအချိန်ထဘူးလို့လဲ

"ညည်းမောင် ကာလနဂါး‌ သေလို့ဝင်စားလားအောင်းမေ့ရတာ တစ်နေ့တစ်နေ့ ဘာအလုပ်အကိုင်မှမလုပ်ဘဲပြသာနာဘဲရှာနေ တာခွေးကတောင် သူထက်သာသေးတယ်

"အ‌ဖေကလဲသမီးမောင်လေးကိုအဲ့လိုမပြောပါနဲ့

နှင်းသွေးမောင်လေးဘက်ကနေ ဝင်ပြောလိုက်တော့သည်။ မောင်လေးဆိုးတာ အရင်ကတည်းကကို ပြီးတော့ အဖေကိုယ်တိုင်အလိုလိုက်ထားတဲ့ဟာကို

"တီတီသွေး သားသားရ ကျောင်းသွားရတော့မှာ

နှင်းသွေးတို့ခြုံထဲကို ပုပုလုံးလုံးလေးနဲ့ ပြေးဝင်လာတဲ့ ဖိုးသား

" လာအုံးပါတီတီဆီကိုယ်

နှင်းသွေး ဖိုးသားလေးကိုချိုင်းကနေမပြီးပေါင်ပေါ်တင်ပေးလိုက်ပြီး

"  ဖိုးသားလေးက ကျောင်းတက်တော့မှဆိုတော့ ပညာတက်ကြီးဖြစ်တော့မှပေါ့

" ဟုတ်ရယ် သားက ပညာတက်ကြီးဖြစ်ရင်ချာဝန်ကြီးလုပ်မှာ

အတက် ကလေးရဲ့စကားကိုနှင်းသွေးတို့ သဘောတကျ ပြုံးရီမိတယ်  ဖိုးသားလေးက ငယ်သေးတော့စကားကသိပ်မပီ ထိုမပီလေးကိုဘဲ နှင်းသွေးတို့တစ်အိမ်လုံးက သဲသဲလှုပ်ချစ်သည်။

" ဆရာဝန်ကြီးလုပ်မဲ့ကလေး လေး ဦးစီရောမလာချင်ဘူးလား

ခွပ်ဒေါင်းဖိုးသားလေးအသံကြားလို့ လာခဲ့ချင်းဖြစ်သည်။

" နိုး  နိုး ရက်ဆော်နံတယ် အော့ အော့

ဖိုးသားလေးပြောစကားကို နှင်းသွေးတို့သားဖတွေ သဘောတကျ ရီနေမိကြသည်။ ခွပ်ဒေါင်းမာန်ဆိုလဲတခြားသူတွေက အပြောမခံတာ ဖိုးသားလေးဆို ဘာပြောပြောသဘောကျနေတာ

ခွပ်ဒေါင်းကတခြားကလေးတွေကိုသာ ထုချင်ရိုက်ချင်‌တာ ဖိုးသားလေးဆို လက်ဖျားနဲ့တောင်မထိ နှင်းသွေးတို့ထက်တောင် ပိုချစ်သေးတယ်

"လာစမ်း မင်းကများငါကို အရက်ဆော်နံတယ်ပြောတာပေါ့

ခွပ်ဒေါင်းနှင်းသွေးပေါ်က ဖိုးသားလေးကို ခွပ်ဒေါင်းအသာဆွဲယူလိုက်ပြီး ဖိုးသားလေးပါးကို နမ်းရိူက်လိုက်တော့သည်။

ဒေါင်းWhere stories live. Discover now